""အကို့အတွက် ကျွန်တော်ကဘာလဲ""
ညီ၏မေးခွန်းသည် ပန်းချီဆွဲနေသော ကျွန်တော့်၏လက်များကိုတုံ့ဆိုင်းသွားစေသည်။
ကိုယ့်အတွက် ညီကဘာလဲ။ကျွန်တော့်ကိုယ်ကျွန်တော်မေးခွန်းပြန်ထုတ်မိသည့်မေးခွန်းတစ်ခု။ညီကတော့ ခပ်ဖျော့ဖျာ့ရီမောရင်း ကျွန်တော့်ခါးကိုဖက်ကာပြောသည်။""ဖြေရအရမ်းခက်နေတယ်မလား။ ဒါဆိုလည်း ဖြေစရာမလိုပါဘူး။""
""ကျွန်တော့်အတွက်ကတော့ အကိုက ကားရပ်တုန်းမှာလာရောင်းတဲ့ ပန်းသည်လိုဘဲ။""
""အဲ့လမ်းကိုအမြဲလာဖြစ်ရင်တော့ ဝယ်ဖြစ်မယ်။ဒါပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်အဲ့လမ်းကနေမသွားတော့ဘဲ တစ်ခြားလမ်းကိုအသုံးပြုမယ်ဆိုရင်တော့ မတွေ့ဖြစ်တော့ဘူးပေါ့""
ညီသည်ထိုကဲ့သို့လူစားမျိုးဖြစ်သည်။သူ့ဘက်ကဘဲမေးခွန်းများထုတ်ကာ အဖြေကိုမမျှော်လင့်သည့်အကြောင်းပြောရင်း တစ်ဖက်လူကိုဦးအောင်ထိုးနှက်တတ်သည်။ထို့ကြောင့်လည်း သူနှင့်မတည့်လူများသော်လည်း ကျွန်တော့်မျက်လုံးထဲတွင်တော့ သူသည်ကြောင်ကလေးများလိုပင်။
""ကိုယ့်အတွက်တော့ ညီက ကြောင်ကလေး""
""ကြောင်ကလေး...""
ကျွန်တော့်၏ခပ်တိုးတိုးအဖြေကို ညီက သဘောကျစွာနောက်မှသံယောင်လိုက်ပြောသည်။ထို့နောက် ကျွန်တော့်ခါးကိုတင်းကြပ်စွာဖက်လိုက်ပြီး ကျွန်တော့်နားနားကပ်၍ ရေရွတ်သည့်အလားတိုးတိုးလေးပြောသည်။""အကိုတော့ ကျွန်တော်မရှိဘဲဘယ်လိုနေမလဲ""
ဤသို့ဖြင့်လည်း ညီကဂုဏ်ဆာတတ်သေးသည်။ကျွန်တော့်အတွက်ကတော့ညီသည်မရှိမဖြစ်လိုအပ်သည့်လူမဟုတ်သည့်အကြောင်းတော့ ကျွန်တော်ထုတ်မပြောဖြစ်။ကလေးဆန်သည့်ညီကို ကျွန်တော်အနေနှင့်မလိုအပ်သည့်အပိုစကားများအသုံးပြုကာ မနာကျင်စေလို။
ကျွန်တော်နှင့်ညီ၏ဆက်ဆံရေးသည် အချစ်ဆိုသည့်အရာကိုအခြေခံထားခြင်းမဟုတ်သည့်အလျောက် ကျွန်တော်တို့တွင် နာကျင်စရာမရှိပေ။
ကျွန်တော်ထင်ထားခဲ့သည်။
ညီသည် ကျွန်တော့်ကိုမချစ်ခဲ့ပါဟု...
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ညီကိုမချစ်ခဲ့သည့်အတွက်ဖြစ်သည်။
YOU ARE READING
ညီ [Nyi]
Contoကျွန်တော်နှင့်ကွဲအက်သွားသောပုံပြင်များ ကျွန်တော်နှင့်ကွဲအက်သွားသောပုံပြင်များ