ပုံပြင်[၂]

327 41 4
                                    

ကျွန်တော့်ရဲ့ရင်ဘက်ပေါ်တွင် မှောက်လျက်လဲှနေသည့် ညီ၏ဆံပင်လေးများကို ခပ်ဖွဖွဆွဲဖွရင်း အတွေးတို့တောင်စဉ်မရေမရာဖြစ်နေခဲ့သည်။

""အကို သိလား?""
ထိုအချိန် ညီ၏အိပ်ချင်မူးတူး နှာသံလေးထွက်လာခဲ့သည်။ ""ကျွန်တော် အကို့ရဲ့ ဆံပင်ကောက်လေးတွေကိုသိပ်သဘောကျတာဘဲ""

ကိုယ့်ရဲ့ဆံပင်ကောက်လေးတွေတဲ့လား။သူမလည်း ထိုကဲ့သို့ပြောခဲ့ဖူးသည်။
ကျွန်တော့်ဆံပင်ကောက်များသည် အမေ့ဘက်ကမှာပါသည့်မျိုးရိုးကြောင့်ဖြစ်မည်ထင်ပါသည်။ဆံပင်များမှာ ကောက်စရာမလိုပါဘဲနှင့် အလိမ်လိမ်လေးများဖြစ်နေသည်။ထိုဆံပင်ကြောင့်ဘဲ တက်ခဲ့ရသည့်ကျောင်းသားဘဝတစ်လျှောက်အနိုင်ကျင့်ခံခဲ့ရခြင်းဖြစ်သည်။ထို့ကြောင့် လူပျိုဖော်ဝင်သည့်အထိ ကျွန်တော်သည်ကတုံးကေသာထားခဲ့သည်။ သို့သော် သူမနှင့်တွေ့သည့်အချိန်ကတည်းကစတင်၍ ဆံပင်ကောက်များကိုသာစိတ်ရှည်လက်ရှည်နှင့်ပြန်ထားခဲ့သည်မှာ ယခုလက်ရှိညီနှင့်ဆုံသည်အထိ
ဖြစ်သည်။
ညီကို ရင်ခွင်ထဲထည့်ရင်း အခြားအမျိုးသမီးတစ်ယောက်ကိုစဉ်းစားမိခြင်းသည် အပြစ်ဟုမဆိုသာ။
အဘယ့်ကြောင့်ဆိုသော ညီသည် ကျွန်တော့်ကို မချစ်သည့်အတွက်ဖြစ်သည်။
ထို့အတူ ကျွန်တော်လည်းညီကိုမချစ်ပေ...

ညီ [Nyi]Where stories live. Discover now