One

1.3K 153 4
                                    

Zawgyi

***************

အသက်တမျှ ချစ်ရသော ကိုယ့်သွေးသားလေးက တီတီတာတာပြောတတ်သည့်အရွယ် ခြောက်နှစ်....။

ထိုအချိန်မှ အချစ်ဦးကိုမေ့လို့ရနိုင်ခဲ့သည်ဆိုလျှင်...။

တကယ်တော့ အနားသတ်တုန်ယင်နေသည့် မုသားနည်းနည်းပါဝင်သည်။
မေ့ပစ်ရလွန်းလို့ ပင်ပန်းတာများလာတော့ ကိုယ့်ကိုယ်ကိုပဲ ညာလိုက်တာ ပိုအဆင်ပြေကောင်းပါရဲ့။

~ငါမင်းကို မေ့နိုင်ခဲ့ပြီ ပတ်လိုအီ~

***************

(The Reverse Of Hatred)

"မောင်!''

ပြတင်းပေါက်မှာရပ်နေတဲ့သူ့ခါးပေါ်မှာ လက်သွယ်သွယ်လေးတွေက လာယှက်ဖြာသည်။

ဘယ်တော့မှ ပြန်မဆုပ်ကိုင်ဖြစ်တဲ့လက်လေးကို ပထမဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်မိတော့ သိသိသာသာတုန်သွားတဲ့လက်လေး...။

သူ့နည်းတူ ဘယ်ဘက်လက်မပေါ်မှာ မှဲ့လှလှလေးပါနေသေးသည်။
ကံကြမ္မာက အရင်ကတည်းက သူတို့နှစ်ယောက်ကိုသာ ပေါင်းဖက်စေချင်တဲ့ပုံပါပဲ။

သူ မပြောင်းလဲနိုင်ခဲ့....။

မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး ဖရိုဖရဲဖြစ်နေတဲ့ဆံပင်လေးတွေကို သေချာပြင်ပေးလိုက်သည်။

ထုံးစံအတိုင်း မောင့်အမျိုးသမီးလေးက အလုပ်တွေအရမ်းလုပ်ထားပြန်ပါပြီလေ။
မျက်နှာလေးပင်ချောင်ကျသွားသလိုလို....။

"သားလေးနိုးပြီထင်တယ်မောင်''

မောင်ကသဘောမကျတဲ့ပုံမျိုးမပြမိပါဘူးကွယ်။
အမြန်ရှောင်ထွက်ဖို့ ဆင်ခြေပေးစရာမလိုပါဘူး။

မောင့်ရင်ခွင်မှာ စိတ်ချလက်ချနဲ့အနားယူလှည့်ပါဦး။

"ဒီအတောအတွင်း ဘယ်လောက်ပင်ပန်းခဲ့လိမ့်မလဲ
မောင်က အရာရာတောင်းပန်ပါတယ်''

ရင်ခွင်ထဲကမူပိုင်ရှင်လေးရဲ့ နှဖူးလှလှလေးကို အသာအယာအနမ်းခြွေရင်း တောင်းပန်မိသည်။
မောင့်ကိုအဲဒီမျက်လုံးဝိုင်းဝိုင်းတွေနဲ့တော့မကြည့်ပါနဲ့လား။

The Reverse of HatredWhere stories live. Discover now