Seven (Final)

835 132 15
                                    

Zawgyi

*************

𝗖𝗮𝗻 𝗬𝗼𝘂 𝗛𝗮𝘁𝗲 𝗔 𝗦𝗼𝘂𝗹𝗺𝗮𝘁𝗲 ? ♥︎

*************

The Reverse of Hatred

  
လေးနှစ်ကြာပြီးနောက်

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုမှာလုပ်အားပေးနေသော ဆရာလေးကချောလေသည်။

အသက်ငယ်ငယ်နှင့် ကုမ္ပဏီလုပ်ငန်းကြီးကိုဦးစီးနေသော ထိုဆရာချောလေးက တစ်နှစ်တစ်ကြိမ် လုပ်အားလာပေးတတ်သည်။

ဆရာချောလေးရဲ့ မေမေကလည်း အစားအစာတွေကို ကိုယ်တိုင်ချက်ပြီး ကလေးတွေကို ကျွေးတတ်သေးသည်။

ကလေးတွေကနှစ်ယောက်လုံးကိုချစ်ကြတာမဆန်း။

"အာအီဂူး! နာဘီလေးအဲလောက်ကြီးကြည့်နေတော့ ဆရာလေးရှက်လာပါပြီ''

ဆရာလေးက နာဘီဆိုသော ကလေးမလေးကို ပါးလုံးလုံးလေးကို အသာလေးသွားထိလိုက်သည်။
ကလေးမလေးက ရယ်ပြလေရဲ့။

"ချာ့ကို မီးမီးရဲ့ အစ်ကိုယေး ဖြစ်စေချင်တာ''

"မီးမီးယေးက အဲလောက်တောင်ချစ်တာလား ပြောပါဦး''

"ဟုတ်''

သူ့အနားကနေမခွာတော့သည့်ကလေးမလေးကို ချိုချဉ်လေးတွေပေးကာ ကစားစေလိုက်သည်။
ကလေးတွေဆီပြေးသွားတာကြည့်ပြီးမှ သူစာသင်ခန်းထဲ ပြန်ဝင်လာခဲ့တော့သည်။

ဒီနေ့တော့ မေမေကမလာနိုင်။
ဈေးဝယ်ထွက်ပါဦးမည်တဲ့လေ။

သူတစ်ချက်ရယ်ပြီး ကလေးလေးတွေရေးထားသည့် ဗျည်းလုံးလေးတွေကို အမှတ်ခြစ်ပေးနေလိုက်သည်။

ကစားချိန်ဖြစ်၍ ကလေးတွေအကုန်အပြင်ရောက်နေကြတော့ စာသင်ခန်းသည် တိတ်ဆိတ်နေပါ၏။
နာရီသံမှလွဲ၍...။

"ဒုတ် ဒုတ် ဒုတ်...''

သူ့နှလုံးခုန်သံနဲ့ နာရီလက်တံတို့ရဲ့ စည်းချက်အတိုင်း ကျောင်းတွင်းသို့ တစ်ယောက်ယောက်က တစ်လှမ်းချင်းဝင်လာနေခဲ့သည်။

The Reverse of HatredWhere stories live. Discover now