Zawgyi
***************
အသက်တမျှ ချစ်ရသော ကိုယ့်သွေးသားလေးက တီတီတာတာပြောတတ်သည့်အရွယ် ခြောက်နှစ်....။
ထိုအချိန်မှ အချစ်ဦးကိုမေ့လို့ရနိုင်ခဲ့သည်ဆိုလျှင်...။
တကယ်တော့ အနားသတ်တုန်ယင်နေသည့် မုသားနည်းနည်းပါဝင်သည်။
မေ့ပစ်ရလွန်းလို့ ပင်ပန်းတာများလာတော့ ကိုယ့်ကိုယ်ကိုပဲ ညာလိုက်တာ ပိုအဆင်ပြေကောင်းပါရဲ့။~ငါမင်းကို မေ့နိုင်ခဲ့ပြီ ပတ်လိုအီ~
***************
(The Reverse Of Hatred)
"မောင်!''
ပြတင်းပေါက်မှာရပ်နေတဲ့သူ့ခါးပေါ်မှာ လက်သွယ်သွယ်လေးတွေက လာယှက်ဖြာသည်။
ဘယ်တော့မှ ပြန်မဆုပ်ကိုင်ဖြစ်တဲ့လက်လေးကို ပထမဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်မိတော့ သိသိသာသာတုန်သွားတဲ့လက်လေး...။
သူ့နည်းတူ ဘယ်ဘက်လက်မပေါ်မှာ မှဲ့လှလှလေးပါနေသေးသည်။
ကံကြမ္မာက အရင်ကတည်းက သူတို့နှစ်ယောက်ကိုသာ ပေါင်းဖက်စေချင်တဲ့ပုံပါပဲ။သူ မပြောင်းလဲနိုင်ခဲ့....။
မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး ဖရိုဖရဲဖြစ်နေတဲ့ဆံပင်လေးတွေကို သေချာပြင်ပေးလိုက်သည်။
ထုံးစံအတိုင်း မောင့်အမျိုးသမီးလေးက အလုပ်တွေအရမ်းလုပ်ထားပြန်ပါပြီလေ။
မျက်နှာလေးပင်ချောင်ကျသွားသလိုလို....။"သားလေးနိုးပြီထင်တယ်မောင်''
မောင်ကသဘောမကျတဲ့ပုံမျိုးမပြမိပါဘူးကွယ်။
အမြန်ရှောင်ထွက်ဖို့ ဆင်ခြေပေးစရာမလိုပါဘူး။မောင့်ရင်ခွင်မှာ စိတ်ချလက်ချနဲ့အနားယူလှည့်ပါဦး။
"ဒီအတောအတွင်း ဘယ်လောက်ပင်ပန်းခဲ့လိမ့်မလဲ
မောင်က အရာရာတောင်းပန်ပါတယ်''ရင်ခွင်ထဲကမူပိုင်ရှင်လေးရဲ့ နှဖူးလှလှလေးကို အသာအယာအနမ်းခြွေရင်း တောင်းပန်မိသည်။
မောင့်ကိုအဲဒီမျက်လုံးဝိုင်းဝိုင်းတွေနဲ့တော့မကြည့်ပါနဲ့လား။