Six

452 100 5
                                    

Zawgyi

*************

လက်လွှတ်ခဲ့ဖို့ကလွဲ ရွေးစရာလမ်းရှိခဲ့ရင်
တစ်ခါလောက်ပြကြည့်စမ်းပါ

*************

(The Reverse of Hatred)

.

.

"နင် လွန်တယ်မထင်ဘူးလား''

အကူအညီအတင်းတောင်းလို့ ကူညီပေးလိုက်ရသည့်ချန်းယောလ်ကို ဂျယ်ရာ ဘယ်လိုမှနားမလည်။
စောနကနဲ့မတူတော့တဲ့သူက အခုဂျယ်ရာ့ရှေ့မှာ အရုပ်ကြိုးပြတ်ဖြစ်နေ၏။

"နင့်ဦးငယ်ရော ဒီလိုဖြစ်စေချင်ပါ့မလားစဉ်းစားကြည့်
ပြီးတော့ ဘတ်ဟျွန်းက ဒီကိစ္စတွေကိုဘာမှသိပုံမရဘူးနော်
နင့်ကို တားမရလို့သာ! ငါတော့နင်မှားတယ်ပဲထင်တယ်''

ခေါင်းငိုက်စိုက်ချလျက် ချန်းယောလ်နားထဲ ဂျယ်ရာ့စကားလုံးတွေရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဟျွန်း တကယ်နာကျင်သွားမှာလား
ဟျွန်းသူ့ကို မုန်းသွားတော့မှာလား

ချန်းယောလ်စဉ်းစားမိတာက မေးခွန်းနှစ်ခုသာ။
ကျန်တာတွေတော့ ထပ်မတွေးမိခဲ့။

သူမိုက်ရူးရဲဆန်နေတာလည်းသိသည်။
သူ ဟျွန်းကိုလည်း စိတ်ပျက်အောင်လုပ်မိသည်။

ဦးငယ်အတွက်စဉ်းစားသလိုနဲ့ တကယ်တော့ ချန်းယောလ်ဘယ်သူ့အတွက်မှ မစဉ်းစားခဲ့တာဖြစ်သည်။

အချိန်ခါမဟုတ် မိုးတွေရွာချတော့ ချန်းယောလ်တစ်ယောက်တည်း မိုးရေထဲမှာငူငူငိုင်ငိုင်နဲ့...။
ဒါထက်အဆများစွာပိုပြီး ခံစားသင့်ပါသည်လေ။
ချန်းယောလ် တွေးမိပါ၏။

ဟျွန်း မနက်စာကို စက်ရုပ်လေးတစ်ရုပ်လို ထိုင်စားနေမိသည်။
ဟျွန်း ဝါးနေမိလား ဒီတိုင်းမျိုချလိုက်မိလားဆိုတာ လည်ချောင်းတို့နာကျင်ကာမှ သတိပြုမိလိုက်သည်။

ဒီလိုဆက်ဆံရေးတွေက မြန်မြန်နဲ့ပြီးဆုံးကြတယ်တဲ့
ဘာလို့လဲ
ယောက်ျားလေးနှစ်ယောက်က ဘာလို့ကြာကြာမတည်မြဲရတာလဲ
ဘာတွေအဲလောက်ကွာခြားသွားလို့လဲ

The Reverse of HatredWhere stories live. Discover now