Two

619 135 7
                                    

Zawgyi

**************

မောင့်အပေါ်ထားတဲ့ သစ္စာတွေမှန်ကန်ကြောင်း၊ မောင်ခံစားနေရတာတွေ အလုံးစုံပျောက်ကွယ်စေချင်ကြောင်း အထပ်ထပ်အခါခါ တိုင်တည်ဆုတောင်းမိပါရဲ့...။

ချစ်တဲ့သူနာကျင်ရရင် တစ်ဖက်လူမှာအလဲလဲအပြိုပြိုပါပဲလေ။

*************

(The Reverse Of Hatred)

"မောင်တောင်းပန်ပါတယ်''

ရင်ခွင်ထဲကမောင်က တောင်းပန်ပြီးရင်း တောင်းပန်ရင်း...။
မောင့်မျက်ရည်တွေကိုမမြင်စေချင်ဘူးဆိုတာနဲ့တင် ဒီလူကသေပျော်နေပါပြီ။

"မောင့်သားကျောင်းကပြန်မလာခင် တော်တော့လေ''

သားနဲ့ကိုင်ပေါက်မှ ချက်ချင်းမျက်နှာလေးလန်းလာသည်။
သားဖြစ်သူကို ဘယ်လောက်ချစ်တယ်ဆိုတာတွေးသာကြည့်တော့။

"အပြစ်ရှိသလိုမောင်ခံစားနေရတုန်းပဲ''

မော့ကြည့်ရင်းပြောလာတဲ့ အသက်လေးဆယ်ကျော်မောင်က ပထမဆုံးစတွေ့တုန်းကလို ချောမောတဲ့မျက်နှာရှိတုန်းပင်။
လူတိုင်းနှစ်သက်ကြတဲ့ မျက်လုံးမှေးမှေးလေးတွေကို တစ်ခါတစ်ခါ ဖွက်တောင်ထားချင်ပါရဲ့....။
ကိုယ့်လက်ဖမိုးကို အသာအယာအုပ်ကိုင်လာတဲ့လက်ကိုကြည့်ပြီး ပြုံးမိသေးသည်။

မောင့်ဘယ်ဘက်လက်မပေါ်ကမှဲ့လေးနဲ့ ချွတ်စွပ် သူ့မှာလည်းရှိသလို ဟျွန်းလေးမှာလည်း တစ်ပုံစံတည်းရှိနေသည်။
ဒါက မိသားစု သီးသန့်လေး...။

"သူလည်း အခုဆိုအဆင်ပြေနေမှာပါ မောင့်စေတနာတွေ သူသိလာမှာပါ''

အမြဲသူ့ကိုနှစ်သိမ့်ပေးတဲ့ ဒီကောင်မလေးကို မြတ်နိုးရပါသည်။
"မောင်''ဆိုပြီး ခပ်တိုးတိုးလေးခေါ်လို့ လာဖက်တော့ ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးက ရင်ခွင်ထဲမှာ အံဝင်ခွင်ကျ။

"ဟာဗျာ ရှက်လွန်းလို့အငွေ့ပျံသွားတော့မယ်''

"ဟျွန်း!''

မျက်လုံးကိုစုံမှိတ်ကာ လက်ဖဝါးနှစ်ဖက်နဲ့ အသားကန်အုပ်ထားသည့်သားငယ်....။
ဖွင့်ကိုကြည့်မလာတော့...။

The Reverse of HatredWhere stories live. Discover now