Chapter~(28)

1.6K 74 2
                                    

[Unicode]
အချစ်ကလဲ့စား

"ဒါကတော့ ကျွန်မတို့ရဲ့Hotelပိုင်ရှင်ကြီးရှောင်ရှင်းချန်ဖြစ်ပါတယ်ရှင်အားလုံးဘဲခနငြိမ်သက်ပေးကြပါနော်"

"ဆရာဆက်ပြောလိုက်အုံးနော်"ဆိုပြီးလုလု ရှင်းချန်အနားတိုးတိုးလေးကပ်ပြောပြီးစင်ပါ်မှဆင်းသွားလိုက်တယ်"

"ဒီကကြွရောက်လာတဲ့လူကြီးမင်းတွေကိုကျေးဇူးတင်ပါတယ်ဗျာ ဒီနေ့မှကျွန်တော်တို့အားလုံးအမေရိကန်ကနေပြန်လာတယ်ဆိုပေမဲ့ ပွဲကိုတန်းလုပ်လိုက်တာပါ  ကျတော့်တူလေးဟာသူ့ပါးနဲ့မားဆုံးပြီးနောက်ပိုင်းစိတ်ဒဏ်ရာအကြီးကျယ်ရခဲ့လို့ အမေရိကန်မှာစိတ်အပန်းဖြေတဲ့အနေနဲ့ကျွန်တော်တို့5နှစ်သွားနေခဲ့တယ် ဒီနေ့ကတော့ပြန်လာတဲ့အနေနဲ့ကြိုဆိုတဲ့ပွဲလဲဖြစ်သလို ကျွန်တော့်ရာထူးကရပ်စဲပြီးတူလေးကိုလွှဲပေးမှာဖြစ်ပါတယ်ဗျာ
လူကြီးမင်းတို့အားလုံးကိုပါသိစေချင်လို့ဒီပွဲလုပ်ရခြင်းပါ ကျတော့်တူလေးကိုရာထူးလွှဲပေးအားလုံးလက်ခံကြမယ်ထင်ပါတယ်။"

ဖြောင်းးးဖြောင်းးးဖြောင်းးး
(လက်ခုက်တီးသံ)

"ကျတော်တို့အားလုံးသူဌေးရဲ့သဘောအတိုင်းအကုန်သဘောတူပါတယ်ဗျ ဒါနဲ့ခင်ဗျားတူလေးရောမတွေ့သေးဘူး"

"လာပါလိမ့်မယ်ဗျ"

ရှင်းချန်လဲအကုန်ပြောဆိုပြီးလို့စင်ပေါ်ကဆင်းကာရွယ်ရန်တို့ထိုင်နေတဲ့စားပွဲဝိုင်းကိုလာထိုင်လိုက်တယ်

"ကျိူးချန် ကျန့်ကျန့်ကိုလာဖို့Msပို့လိုက်"

"ဟုတ်အန်ကယ်"

တောင်!!!!

[ကျန့်ကျန့် အန်ကယ်ကပွဲထဲလာလို့ရပြီတဲ့]

ရှောင်းကျန့်လဲကျိုးချန်ပို့တဲ့Msကိုဖတ်အပြီးမှာ ဘာမှထပ်ပြန်မပို့တော့ဘဲ ပွဲထဲသို့ဝင်လာခဲ့လိုက်သည်။

ပွဲအလယ်ထဲကကော်ဇောနီလမ်းကိုလျှောက်လှမ်းလာတဲ့အနီရောင်ဝတ်စုံပြည့်နဲ့ကောင်လေးတစ်ဦး ညမီးရောင်စုံများကြားအလွန်လှပနေသည်။
ထိုကောင်လေးလာသည်ကိုကြည့်နေကြတဲ့လူအားလုံးထဲမှာမှကောင်လေးတျောက်ကတော့အဲ့သြမှုမျက်ဝန်းနဲ့ကြည့်ရင်း နဲ့ပင်မျက်ရည်ဥလေးများကအလိုလိုကျဆင်းလာသည့်အပြင် ရင်ထဲကလဲသံစုံတီးဝိုင်းများကတီးခတ်လို့နေတယ်ထိုလူသားလေးတစ်လှမ်းခြင်းလျှောက်လှမ်းလာတဲ့ပုံရိပ်လေးကသူ့အတွက်အလွန်လှပလွန်းတဲ့ဆေးရေးပန်းချီကားတစ်ချပ်သူ့ဘေးပတ်လည်ကအနည်းငယ်ကွယ်နေတဲ့bodycardတွေကိုမျက်ကွယ်ပြုပြီးသူမြတ်နိုးတဲ့လူသားလေးကိုဘဲကွက်ပြီးမြင်နေတာပေါ့။ဒီလိုမြတ်နိုးရတဲ့လူသားလေးကိုနေပြောက်တောင်အထိမခံနိုင်ဘူးတဲ့ ရှောင်းကျန်ါကိုဝိုင်းကြည့်နေကြတဲ့ လူတွေကိူတော့မကျေနပ်တော့ဖြစ်မိသားအထူးသဖြင့်မိန်းကလေးတွေပေါ့ လက်ထပ်ပြီးသားမလို့ ကွာရှင်းထားတာလဲမဟုတ်တာကြောင့်အခုချက်ချင်းကိုကို့အနားသွားပြီးသူ့အက်ုင်လို့ချပြချင်ပေမဲ့လဲ သည်းခံပြီးနေရာမှာသာထိုင်နေတော့သည်။

အချစ်ကလဲ့စား  {Uni~Zaw}[Completed]Wo Geschichten leben. Entdecke jetzt