Chapter~(30)

1.4K 69 0
                                    

[Unicode]
အချစ်ကလဲ့စား

"ရိပေါ် မင်းဘယ်လိုဖြစ်နေတာလဲ အဲ့လိုအတင်းအကျပ်လာမလုပ်နဲ့ "

"လုပ်မှာဘဲ ဘာဖစ်လဲ"

"မင်းးး!!!"

ရှောင်းကျန့်စကားပင်မဆုံးထပ်မံနမ်းရှိုက်လာပြန်တဲ့ရိပေါ်ကြောင့် ဒေါသထွက်တညထက်ပိုရှက်လာရသည်။
ရင်ဘတ်ကိုထုနေတဲ့လက်တစ်စုံကလဲအားမပါတော့ဒူးတွေလဲမခိုင်တော့ပေ။ရိပေါ်တျောက်ရှောင်းကျန့်ရဲ့နှုတ်ခမ်းက်ိုစိတ်ကြိုက်ခြယ်လှယ်လ်ို့ဝမှလွှတ်ပေးလိုက်သည်။ရိပေါ်လွှတ်ပေးလ်ိုက်တာနဲ့ရှောင်းကျန့်ရဲ့ခြေထောက်တစ်စုံလုံးဝမထိန်းနိုင်တော့ဘဲကားဘေူနားမှာခွေခွေလေးလဲကျသွားခဲ့တယ်။

"ကော ဘာဖြစ်တာလဲ ထပါအုံး"

"  မ   မလာနဲ့  အဲ့နားမှာဘဲရပ်နေ"

"ကောဘာဖြစ်နေတာလဲ ကျွန်တော်ကချစ်လို့နမ်းတာကိုအဖြစ်သည်းနေလိုက်တာ ဒူးတောင်မခိုင်တော့ဘူးလား"

"ငါနားကြားမှားတာလား မင်းပါးစပ်ကချစါလို့ဆိုတဲ့စကားကိုပြောထွက်သေးတာလားဟမ် အိမ်ထောင်ရှိတဲ့ယောကျာ်းတစ်ယောက်ကကို့ယောကျာ်းကိုဘေးဖယ်ထားပြီးတခြားမိန်းကလေးတစ်ယောက်နဲ့နောက်ကွယ်မှာဖောက်ပြန်နေတာကြတော့ရော မင်းဖြေလေ ငါမေးတာဖြေလေ ဘာလဲ ဆင်ခြေပေးဖို့ခေါင်းထဲကဘာမှထွက်မလာတော့တာ"

"အ့"

ရှောင်းကျန့် သဝန်တိုလို့ရန်တွေ့နေပုံကိုရိပေါ်အရမ်းချစ်တယ်။သူမနက်တုန်းကစနောက်ခဲ့တာဆိုပေမဲ့အခုတော့မရတော့ဘူးတကယ်လက်တွေ့လုပ်မယ်ဆိုပြီးမဲ့ပြုံးလေးနဲ့ယုန်ပေါက်ကိုကြည့်နေတယ်။ယုန်ပေါက်လေးကသူ့ထက်ကြီးတဲ့ဆိုပေမဲ့လဲအင်နိုးစန့်လေးထင်ပါရဲ့အဲ့တော့ဒီကရိပေါ်ကဘဲသဘောထားကြီးစွာနဲ့Semeကြီးလုပ်ပေးတော့မှာပေါ့။

ရိပေါ်ဖြေရှင်းချက်တွေထပ်ပေးနေရင် ယုံမှာမဟုတ်။သူကဖြေရှင်းလိုက်ဟိုကပြန်ရန်တွေ့လိုက်နဲ့ဆိုကားပါကင်ကရန်ပွဲကအတော်ကြာသွားနိုင်တယ်။ဒီတော့အရမ်းညဏ်ကောင်းတဲ့ရိပေါ်ကဘယ်လိုဖြေရှင်းရမလဲကိုစဥ်းစားမိပြီး ဘာမှပြန်မပြောတော့ဘဲရှောင်းကျန့်ကိုကားထဲပွေ့ထည့်လိုက်ကာကားမောင်းပြီးအိမ်သို့ပြန်လာခဲ့တယ်။ရိပေါ်ရဲ့အကြံစည်ကိုမသိရှာတဲ့ယုန်ပေါက်လေးကတော့သနားစရာအတိ။

အချစ်ကလဲ့စား  {Uni~Zaw}[Completed]Onde histórias criam vida. Descubra agora