Unicode
Prince & Me .. Season 2
Endless love ( Part 2 )
💞 💞 💞 💞 💞
" Gulf .. "
"ဟင် "
စာကြည့်တိုက်မှာ စာကြည့်နေရင်း
သူနာမည်ကို ခေါ်လိုက်တာကြောင့်
Gulf ခေါင်းမော့ကြည့်လိုက်တော့ Champ ..Champ ဆိုတာ Gulfဆေးဌာနဘက်ကို
ရောက်မှ ခင်မိတဲ့ သူငယ်ချင်း ..
Leo နဲ့ Fait ကတော့ Gulfနဲ့ ဌာနမတူတော့
ကျောင်းမှာဆို တစ်ခါတစ်ရံမှပဲ
ဆုံဖြစ်ကြတယ်
Gulf အားတဲ့အချိန် ကော်ဖီဆိုင်ကို
ရောက်ရင်တော့ ခုထိ သူတို့က အချိန်ပိုင်းနဲ့
အလုပ် လုပ်နေတုန်းဆိုတော့ ခဏတဖြုတ်
တွေ့ဖြစ်ကြတယ် ..
Gulfကတော့ စာလည်းများလာ MEWကလဲ
သိပ်ပြီး သူ့ကို မလုပ်စေချင်တော့တာနဲ့
အချိန်ပိုင်းအလုပ်တော့ မလုပ်တော့ .." အော် Champ ထိုင်လေ "
Champ နဲ့အတူအကိုတစ်ယောက်လည်း
ပါလာတာကြောင့် Gulf ပြုံးပြလိုက်တယ် ."နက်ဖြန် ကျုတိုရီယယ်အတွက်လား Gulf"
" Inn ဟုတ်တယ် Champ တချို့
အချက်တွေရှာမလို့
ရှာနေတာ ခေါင်းတောင်ပူနေပီကွာ "ညည်းညူပြီး ပြောလိုက်တဲ့ Gulfအပြောကို
Champနဲ့အတူ ပါလာတဲ့ အကိုကပါ
လိုက်ပြီးရယ်လိုက်တော့တယ် . ." မင်းကတောင် ညည်းနေရင် ငါတို့က
ဘယ်လိုလုပ်ရမလဲ Gulf ..ဒီမှာ အဲဒီအကြောင်းပဲ ပြောမလို့ ဒီအကိုရဲ့
နာမည်က P'Sam တဲ့ ငါ့တို့စီနီယာပေါ့
ခု ဘန်ကောက်ဆေးရုံကြီးမှာ လက်တွေ့
ဆင်းနေတာ .." P'Sam ဒါ ကျနော် သူငယ်ချင်း Gulfတဲ့
ကျနော်တို့အတန်းထဲမှာတော့ စာတော်တဲ့
ကျောင်းသားတစ်ယောက်ပေါ့ "" ဟုတ်ကဲ့ ကျနော် Gulf ပါ P'Sam "
သူ့ကိုအပြုံးနဲ့ နှုတ်ဆက်လိုက်တဲ့
Gulf ဆိုတဲ့ ကောင်လေးကို Samပြန်ပြီး
ပြုံးပြလိုက်တယ် ..သူတို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ Champက
ကျနော်တို့မလိုက်နိုင်တဲ့ ဘာသာတွေရှိလို့
စာပြပေးပါဆိုတာနဲ့ ဒီနေ့ ကျောင်းဘက်ကို
ရောက်တုန်း Sam သူတို့အတန်းဘက်ကို
ဝင်လာခဲ့လိုက်တယ် ..
VOUS LISEZ
Prince & Me (Endless Love)Season_2
FanfictionUnicode🦋🌿 မင်းကို ချစ်ရတာ ဝဋ်ကြွေးတခုဆိုရင် အဲဒီ ဝဋ်ကြွေးကို ငါ သံသရာထိ ယူသွားမယ် Gulf .. MEW Suppasit .. . 💞 💞 💞 MEW မင်းကမ္ဘာမှာ ငါတစ်ယောက်ထဲ ရှိတယ်ဆိုယုံနဲ့ ငါ ကျေနပ်ပြီ .... Gulf Kanawut ... 🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯...