Prince &Me (Season 2)

648 52 4
                                    


Unicode

Prince & Me (Season 2)

Endless love ( Part 12 )

💞 💞 💞 💞💞

" Gulf ခြေထောက်က တအားနာနေလား
နယ်မှာ ဘယ်တွေ လျှောက်သွားခဲ့တာလည်း
ကိုယ် ဒီလောက် မှာ ထားတာကိုကွာ ..
မင်းကလေ ကိုယ့်စကားကို နားမထောင် "

" Kiss 😘 "

ကားမောင်းရင်းသူ့ကို စိုးရိမ်ပြီး
ပြောနေတဲ့MEW ပါးပြင်ကို
Gulf လှမ်နမ်းလိုက်တယ် ..

" Gulf 😮"

ပြုံးစစ မျက်နှာနဲ့ သူ့ကို လှမ်းပြီး
နမ်းလိုက်တဲ့Gulf ကို MEW
နားမလည်စွာနဲ့ လှည့်ပြီး
ကြည့်လိုက်မိတယ် . .

"ချစ်လို့ .. ပြီးတော့ ဆေးရုံကို
သွားမနေနဲ့တော့
‌ဗိုက်ဆာတယ် တခု ခုပဲသွားစားမယ် "

" မင်း ခြေထောက်က "

" ဒီမှာ‌ အကောင်းတိုင်းပဲလေ ..
ဘာမဖြစ်ဘူး ဟိုမိန်းမကို ကြည့်မရလို့
ငါ နဲ နဲ ဟန်ဆောင်လိုက်တာ ..

Gulf သူ့ခြေထောက်ကို
ဘယ်ညာလှုပ်ရမ်းပြီး
MEW ကို ကစားပြလိုက်တယ် . .

" ဟာကွာ ! Gulf မင်းတော်တော်ဆိုးတာပဲ
ငါ ဘယ်လောက်စိုးရိမ်သွားရလည်း
မင်းတော့လာခဲ့ လူဆိုးကို
အပြစ်ပေးရမယ် "

ကားကို လမ်းဘေးတနေရာမှာ
ထိုးရပ်လိုက်ပြီး
Gulfကို MEW သိမ်းကြုံးကာ
ပွေ့ဖက် နမ်းလိုက်တော့တယ် . .

" အာ MEW " .. 😮

သူ့တစ်ကိုယ်လုံးလှုပ်လို့မရအောင်
အတင်းဖက်ပြီး နမ်းနေတဲ့
MEW လက်ထဲမှာသူလည်း
ဒီ အနမ်းတွေကိုတောင့်တ နေမိသလို
Gulf ငြိမ်ငြိမ်လေး နေ နေ မိတယ် . .

Gulfနဖူးပြင် ပါးပြင်လေးတွေကို
MEW နမ်းမဝ ရှိုက်မဝ အထပ်ထပ်ခါခါ
စုန်ဆန် နမ်းနေမိတယ် ..
ပြီတော့မှ Gulf ရဲ့ စွဲမက်စရာ
နှုတ်ခမ်းထူလေးစုပ်နမ်းနေရာမှ
MEW အားမရနိုင်တော့ပဲ
အတင်းဖိကပ် စုပ်ယူလိုက်တော့တယ် ..
သူ့အနမ်းဆွဲအား‌ကို မခံနိုင်‌တော့သလို
Gulf သူ့ကျောပြင်ကို အတင်း
ဖက်တွယ်လို့ ထားတော့တယ် .. .

" အွမ်းး MEW .. "

နူးညံညင်သာတာကနေ
အရိုင်းဆန်လာတဲ့ MEW .
အနမ်းတွေကြောင့် Gulf ညည်းသံလေး
ပွင့်ဟ သွားရတယ် ..

Prince & Me (Endless Love)Season_2Donde viven las historias. Descúbrelo ahora