ဝမ်းသာမျက်ရည်

228 21 6
                                    

ဝမ်းသာမျက်ရည်

=====
အခန်း (၁)

စုပုံသည် စားသောက်ဆိုင်အပြင်ဘက် စားပွဲဝိုင်းမှာထိုင်နေသောသူများကို မျက်လုံးဝေ့ပြီးကြည့်လိုက်သည်။ ထိုထဲ မှတစ်ယောက် တည်းထိုင်နေသောအစ်မဆီဦးတည်၍သွားလိုက်သည်။

"အစ်မသမီးကို မုန့်ဖိုးလေးပေးပါလား ဟင် "
ရုပ်ချောပြီး  သားသားနားနားဝတ်ဆင်ထားသည့်   ထိုအစ်မရှေ့၌ရပ်ပြီး စုပုံ၏ လက်လေးတစ်ဖက်ကိုဖြန့်ပြီး  တောင်းလိုက်သည်။
စုပုံ၏အသံကြားတော့ ခေါက်ဆွဲကြော် စားနေရာမှ       ထိုအစ်မမော့ကြည့်လာပြီး နှာခေါင်းရှုံ့ကာ   မျက်နှာလွှဲသွား လေသည်။စုပုံ၏ရင်ထဲ ဆစ်ခနဲနာကျင်သွားရသည်။ သို့သော် သည်လိုအခြေအနေနှင့် မကြာခဏ ကြုံဆုံနေကျပဲမို့    အထွေအထူးခံစားမနေ တော့။   မျက်နှာလွှဲထားသည့်  အစ်မ၏လက် မောင်းကို လက်ညှိုးဖြင့်အသာတို့လိုက်ပြီး။

"အစ်မ သမီးကို  မုန့်ဖိုးပေးပါလားဟင်၊ ဗိုက်ဆာလို့ပါ"
"ဟဲ့ ဘယ်ကိုလာထိနေတာလဲ"
ထိုအစ်မဆီမှ ခပ်ကျိတ်ကျိတ်အော်သံ ထွက်လာပြီး စုပုံ၏လက်ညှိုးနှင့်ထိသွားသည့် သူမ၏လက်မောင်းနေရာကို    မသတီသလို တစ်ရှူးဖြင့်ခပ်ကြမ်းကြမ်းသုတ်နေလေသည်။ပြီးနောက် စုပုံကို စူးစူးဝါးဝါးစိုက်ကြည့်လာပြီး။

"ဘယ်လိုအပေအတေလေးမှန်းမသိဘူး၊ စိတ်ရှုပ်လိုက်တာ"
စုပုံသည်ရှက်စိတ်နှင့်အတူ မျက်ရည်ဝဲ လာရသည်။ ခေါင်းကိုငုံ့ထားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"အစ်မမုန့်ဖိုး"
စုပုံ၏စကားသံမဆုံးခင်    ခြေထောက် အရှေ့နားသို့ နှစ်ရာတန်လေးတစ်ရွက်ကျလာ သည်။ စုပုံအံ့ဩပြီး အစ်မကို မော့ကြည့်လိုက် တော့။
"မြန်မြန်ယူပြီးထွက်သွားတော့"

စုပုံသည်ခြေရင်းမှာ ကျနေသောပိုက်ဆံ နှစ်ရာတန်တစ်ရွက်ကိုကောက်ယူပြီး ထိုအစ်မ အနားကထွက်လာခဲ့သည်။ လူရှင်းသည့်နေရာ ရောက်မှခဏရပ်ပြီး အင်္ကျီအတွင်းအိတ်ထဲမှ ကြွပ်ကြွပ်အိတ် အနက်လေးဆွဲထုတ်လိုက် သည်။ အထဲမှာရှိနေသော ပိုက်ဆံနှင့် ရလာသောပိုက်ဆံနှစ်ရာကို ပေါင်းပြီးရေတွက်ကြည့်တော့    တစ်ထောင့် နှစ်ရာရှိ နေပြီဖြစ်သည်။ ပိုက်ဆံလေးတွေကို သေချာခေါက်ပြီးအင်္ကျီ အတွင်းအိတ်ထဲကို ပြန်ထည့်လိုက်သည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 17, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ဝတ္ထုတိုများTempat cerita menjadi hidup. Temukan sekarang