Unicode"လာ လာ ဒီမှာ အရင်လာထိုင်"
လေဆိပ်ကနေအိမ်ကို ပြန်ရောက်ရောက်ချင်း အထုတ်တွေကို ပစ်ချပြီး ဧည့်ခန်းကဆိုဖာပေါ်ကို ထိုင်ဖို့ ကျွန်တော့်ကိုဆွဲချနေသည့် ဆောင်းဟွန်း။
လေယာဉ်စီးလာရလို့ ပင်ပန်းနေတာမို့ ကျွန်တော်လည်း မောမောပမ်းပမ်း ခြေပစ်လက်ပစ် ခေါင်းကိုမှီထိုင်ချလိုက်မိတော့
ကျွန်တော့်ခေါင်းနားကို သူ့ခေါင်းလာအပ်ပြီး ဘေးကိုလာမှီသည့် ကျွန်တော့်ဟွန်း။
"အား သဘောကျလိုက်တာ... ဒီလိုလေး နီးနီးကပ်ကပ်မနေရတာ ဘယ်လောက်တောင်ကြာပြီလဲ""တစ်လတောင်မကြာတဲ့ဟာကို"
"တစ်ရက်၊တစ်ရက်ကို ကိုယ်ဘယ်လိုနေခဲ့ရလဲသိလား?"
"မသိဘူး"
"ရူးလောက်အောင်လွမ်းနေတာ"
"အဲ့တာတော့ ငါရောပဲ"
"ခွေးပေါက်လေးကိုလေတအားလွမ်းနေတာ သိလား။ အိမ်မှာက ဂါအူးလ်ရှိနေပေမဲ့ နည်းနည်းလေးမှလွမ်းတာမပျောက်ဘူး"
"ဂါအူးလ်နဲ့ ငါနဲ့ကတူတယ်ပေါ့?"
"မတူပါဘူး။ ကိုယ့်ရဲ့ ဒီခွေးပေါက်လေးက တန်ဖိုးဖြတ်လို့မှ မရတဲ့ဥစ္စာ။ ဂါအူးလ်ကို မတွေ့ရလည်း ကိစ္စမရှိပေမဲ့ ဒီခွေးလေးကို မတွေ့ရရင်တော့ လွမ်းလွန်းလို့ ရူးသွားနိုင်တယ်"
"တကယ်ပဲ အရင်တုန်းက ထင်တောင်မထင်ခဲ့ဖူးတဲ့ ရေခဲလူသား ပတ်ခ်ဆောင်းဟွန်းက ဘယ်လိုလုပ်ပြီး ဒီလောက် စကားတတ်တဲ့ ငါ့ရည်းစားဖြစ်လာတာလဲ? ပြောင်းလဲသွားတာ စဉ်းစားလို့တောင်မရတော့ဘူး"
YOU ARE READING
It's YOU,my SOULMATE | SUNGJAKE✅
FanfictionIt's YOU,my SOULMATE (A JakeHoon Story) •Romance •COMPLETE✅ start : Decemeber 20th 2020 end : January 18th 2021