Part 7

1.8K 237 34
                                    

Unicode

အခန်းထဲရောက်တော့ လေထုက ရုတ်တရက်ကြီး ထူးဆန်းလာသလိုမျိုး။

အရင်ကတစ်အိမ်တည်း အတူနေကြသည်မှန်ပေမဲ့
အခုလို အခန်းကျဉ်းကျဉ်းလေးထဲ ၂ယောက်တည်းရှိနေရသည်ဆိုတဲ့ခံစားချက်က ကျွန်တော့်ကိုတော့ အနည်းငယ်ကို့ရို့ကားယားဖြစ်စေသည်။


"ဂျယ်ယွန်း မင်းဘာလုပ်နေတာလဲ"

ကုတင်ပေါ်မတက်ရဲဘဲ မတ်တပ်ရပ်ရင်း ဝေ့လည်လည်လုပ်နေသော ကျွန်တော့်ကို ကုတင်ပေါ်မှာထိုင်ချလိုက်သည့် ဆောင်းဟွန်းကမေးသည်။

"အင်း ဘာ-ဘာမှမလုပ်ပါဘူး"

ရုတ်တရက်ကြီး မြန်ဆန်နေသောရင်ခုန်သံတွေနဲ့ စိတ်လှုပ်ရှားနေမှုက ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်သေချာမသိခဲ့။

Sunghoonနဲ့ ဒီလောက်နီးနီးကပ်ကပ်မနေဘူးတာလည်းမဟုတ်။

တစ်ခါတစ်ခါ အသက်ဝင်လာတတ်သည့် ရင်ခုန်သံတွေက စိတ်တိုလို့၊စိတ်လှုပ်ရှားလို့ဆိုတဲ့ (ကျွန်တော်ကိုယ့်ဘာသာ ထင်ကြေးပေးသတ်မှတ်ထားတဲ့) အကြောင်းပြချက်မျိုးစုံအောက်မှာ အမြဲရှိနေပေမဲ့
အခုတော့ သတ်မှတ်စရာအကြောင်းပြချက်မရှိပဲ ခုန်ပေါက်စပြုနေသည့် မြင်းရိုင်းတစ်ကောင်လို နှလုံးသား။


အခုလည်းကြည့်ကြပါဦး။

မသိရင် မင်္ဂလာဦးညကိုရင်ခုန်နေသည့် သတို့သမီးလိုလို။

Shit ရှင်းမ်ဂျိတ်ခ်!

ဘာတွေလျှောက်တွေးနေတာလဲ

Stop Stop
အတွေးတွေကိုအခုရပ်။



"ဆောင်းဟွန်း ငါမွေ့ယာခင်းပြီး ဒီကြမ်းပြင်မှာအိပ်လိုက်မယ် မင်းအဲ့ကုတင်ပေါ်မှာအိပ်လိုက်
ကုတင်ကတစ်ယောက်အိပ်ဆိုတော့ ညကျရင် မင်းနေရကြပ်ပြီး အဆင်မပြေဖြစ်နေမှာဆိုးလို့"


ပြောရင်း စောင်ကိုယူဖို့ဟန်ပြင်မလို့လုပ်တုန်း
ရုတ်တရက်လက်ကိုစောင့်ဆွဲခံလိုက်ရကာ လူကိုတစ်ပတ်လည်အောင်လှည့်လိုက်ပြီး ကျွန်တော့်ခန္ဓာကိုယ်ကိုဆွဲယူကာ ကုတင်ပေါ် လှန်ချလိုက်သည့် ပတ်ခ်ဆောင်ဟွန်း။

It's YOU,my SOULMATE | SUNGJAKE✅Onde histórias criam vida. Descubra agora