Part 6

1.9K 245 36
                                    

Unicode

"ကဲ တော်ပြီ ငါ့ရဲ့ခံနိုင်စွမ်းအားကဒီလောက်ထိပဲ။ အိပ်မယ်!"

ဆောင်းဟွန်းတစ်ယောက် ကြည့်နေသောစာအုပ်ကိုပိတ်သိမ်းလိုက်ရင်း အညောင်းပြေအကြောဆန့်ကာ နာရီကြည့်မိတော့ 12:30 am။

မနက်ဖြန်ဆို နှစ်ဝက်စာမေးပွဲနောက်ဆုံးနေ့တောင်ရောက်ပြီပဲ။

အိပ်ဖို့ပြင်လိုက်ပေမဲ့ ရုတ်တရက် ဗိုက်ထဲက အသံထွက်လာတာမို့ အိပ်ရာထဲလှမ်းဖို့ပြင်သည့်ခြေထောက်ကို အခန်းအပြင်ဘက်ထွက်ဖို့ ဦးတည်ရာပြောင်းလိုက်ရသည်။

ဗိုက်ဆာနေရင် အိပ်မပျော်တတ်တာ ကျွန်တော့်အကျင့်။

မုန့်လေးပဲဖြစ်ဖြစ် တစ်ခုခုထွက်စားပြီးမှ အိပ်ပါတော့မယ်ဆိုပြီး ထမင်းစားခန်းထဲထွက်လာတော့
မတ်တပ်ရပ်ပြီးတစ်ခုခုလုပ်နေသည့် ဂျယ်ယွန်း။




"ဆောင်းဟွန်း မအိပ်သေးဘူးလား?"

"အင်း အိပ်တော့မလို့ပဲ။ မင်းဘာလုပ်နေတာလဲ?"

"အာ ငါလား စာကြည့်ရင်းဗိုက်ဆာလို့ ခေါက်ဆွဲထပြုတ်နေတာ မင်းအတွက်ပါလုပ်ပေးရမလား?"

ပတ်ဆောင်းဟွန်းတို့ ကံကောင်းပုံများ
ဗိုက်ဆာနေတာတောင် ခေါက်ဆွဲပြုတ်ပေးမဲ့သူကအဆင်သင့်။


"အင်း အဲ့တာဆိုလုပ်ပေးပါဦး ငါလည်းဗိုက်ဆာလို့ မအိပ်ပျော်လို့"

"အိုခေ အိုခေ ခဏစောင့် ငါကောင်းကောင်းလေးလုပ်ပေးမယ်"


ဂျယ်ယွန်းရဲ့ခေါက်ဆွဲပြုတ်ကိုစောင့်ရင်း စားပွဲမှာထိုင်နေမိသည်။

ခဏကြာတော့ ဂျယ်ယွန်းက အိုးလေးကိုမပြီး စားပွဲအလယ်မှာလာချသည်။

ကျွန်တော့်အတွက်ရော သူ့အတွက်ရော ပန်းကန်လုံးအသေး အလွတ်လေးတစ်ခုစီလာချပေးတော့

"သူများတွေဆို အိုးအဖုံးနဲ့စားကြတယ်နော် မင်းရော?"

ခေါက်ဆွဲကိုခပ်ထည့်နေရင်း ဂျယ်ယွန်းကတစ်ချက်လှလှပပလေးပြုံးလိုက်ပြီး

"ငါကတော့ သေသေသပ်သပ်ပန်းကန်လုံးလေးနဲ့စားရတာကိုပိုကြိုက်တယ်။ အဖုံးကြီးကမမိုက်ပါဘူးကွာ"

It's YOU,my SOULMATE | SUNGJAKE✅Où les histoires vivent. Découvrez maintenant