Unicode
•Mr. Blue_420
ကျွန်တော်အိမ်သော့ယူပြီးအခုပဲထွက်လာခဲ့ပါမယ်။ နာရီဝက်အတွင်းတွေ့ကြတာပေါ့😉•_s.jyun15
ဟုတ်ကဲ့။ကျွန်တော်လည်းအခုထွက်လာပါပြီ။အခန်းငှားမည့်ပိုင်ရှင်နဲ့ messageပို့ပြီးနောက် ဦးထုတ်ကောက်ဆောင်းပြီး ခပ်သွက်သွက်ထွက်လာခဲ့သည်။
အခုလက်ရှိနေနေသည့် အိမ်နှင့် သိပ်မဝေးလွန်းသော်လည်း နီးတော့မနီးသည်မို့ နာရီဝက်အတွင်းရောက်ဖို့ မြန်မြန်လမ်းလျှောက်ရမည်လေ...။
ကိုယ့်အာရုံနဲ့ကိုယ် ဦးထုတ်ကိုခပ်ငိုက်ငိုက်ဆောင်းရင်း လျှောက်လာသည်မို့ လမ်းကွေ့တစ်ခုမှာ လူတစ်ယောက်နဲ့တိုက်မလိုဖြစ်သွားသည်။
ကြိုသတိထား ထိန်းလိုက်နိုင်မိလို့ တိုက်တော့မတိုက်ပေမဲ့ တစ်ဘက်လူကို ကြည့်လိုက်မိတော့...
ပတ်ခ်ဆောင်းဟွန်း...။
ဟိုတလောက ဘတ်စကစ်ဘောကွင်းထဲတွေ့ကတည်းက ဒီရက်ကွက်ထဲနေနေမှန်း သိသော်လည်း သာမန်တော်ရုံတော့ မတွေ့မိသည်မို့ အာရုံထဲသိပ်မရောက်။
ခုတလော သူနဲ့တွေ့လိုက်တိုင်း လူက ဒရမ်မာထဲ အော်တို ရောက်ရောက်သွားသလို ဖြစ်နေတာကြီးက လည်း သိပ်တော့အဆင်မပြေလှ။
သူ့ရင်ခွင်ထဲခြေချော်လဲရတာနဲ့
ဘူးခွံနဲ့ကန်မိရတာနဲ့
အခုလည်းကြည့်...
အလကားနေရင်း လမ်းအကျယ်ကြီးမှာ လာတိုက်မိတော့မလို့။
ကိုယ်ရှိန်သတ်မိလို့တော်သေးသည်။
နို့မို့ဆို ဟိုတစ်ခါလို ရင်ခွင်ထဲထပ်ရောက်သွားမှဒုက္ခ။
တွေးရုံနဲ့တင် တော်တော်အောင့်သီးအောင့်သက်ဖြစ်စရာ ကိစ္စကြီး...။
တစ်ခါပဲ ခံမည်။
နောက်တစ်ခါတော့ အဖြစ်မခံနိုင်။"ဘယ်လိုဖြစ်နေတာလဲ ပတ်ဂျုံဆောင်း! ငါထွက်လာပါပြီဆိုနေမှ ၁၅မိနစ်ပဲစောင့်ပါဆိုနေ။ ဒါပဲ ဖုန်းချလိုက်ပြီ!"
ESTÁS LEYENDO
It's YOU,my SOULMATE | SUNGJAKE✅
FanficIt's YOU,my SOULMATE (A JakeHoon Story) •Romance •COMPLETE✅ start : Decemeber 20th 2020 end : January 18th 2021