အမုန်းဟုခေါ်သလား ~ 18🖤🖤❤️❤️

443 22 13
                                    


Unicode~~

ဘယ်လောက်အထိ အိပ်ပျော်နေခဲ့လဲ မသိ Phone သံ ဆူညံစွာထွက်ပေါ်နေပေမယ့် ခေါင်းမထူနိုင်အောင် ကိုက်ခဲနေသည်...သူဖျားနေပြီလား... မကိုင်မချင်းခေါ်နေမယ့် ဖုန်းသံကြောင့် အားယူကာ ဖုန်းကိုလှမ်းယူလိုက်သည်..
ဖုန်း screen ပေါ်မှ ကောင်လေးကတော့ အပြစ်ကင်းစွာ ရယ်မောနေလေ၏..

"Hello..."

"ကြာလိုက်တာ.. ဘာလုပ်နေတာလဲ... ချက်ခြင်းဖုန်းမကိုင်နိုင်အောင်အလုပ်များနေတာလား,.."

ငြူငြူစူစူအသံလေးကိုကြားလိုက်ရတော့ သူပြုံးဖြစ်သေးသည်...

"အိပ်ပျော်နေလို့ပါ... "

"ဒီအချိန်ကြီးအိပ်နေတယ်...ကိုကိုနေမကောင်းဘူးလား..."

"ကောင်းပါတယ်... ငယ်အဆင်ပြေရဲ့လား..ရေပြောင်းရေလွှဲသတိထားဦးနော်...နေမကောင်းဖြစ်နေမယ်.."

ငယ့်ဘက်ကအသံတိတ်ဆိတ်သွားလေသည်...

"ငယ် ကြားချင်တာ အဲ့စကားမှ မဟုတ်တာ..."

"ဟင်... ငယ်က ကိုကို့ကို ဘာပြောစေချင်လို့လည်း.."

"လွမ်းတယ်တို့..ဘာတို့.."

"အော်..ဟော်..."

ငယ့်စကားကြောင့်သူပြုံးမိသွားသည်...တော်တော်စကားတတ်တဲ့ သာလိကာပေါက်ပဲ....

"ငယ့်ကို ချစ်တယ်...."

သူ့စကားကြောင့် ငယ်ပြုံးနေမှာသေချာပါသည်...

"အင်းပါ ..ဒါဆို ငယ်ရေချိုးပြီး ညစာသွားစားတော့မယ်...ညဉ့်နက်တဲ့အထိ မနေနဲ့နော်..အလုပ်သရဲလုပ်မနေနဲ့ စောစောအိပ်ကြားလား... ( Saint ရေချိုးတော့လေ...ထမင်းစားသွားဖို့နောက်ကျနေဦးမယ်...ဒီမှာအဝတ်အစားထုတ်ထားတယ်...ရေချိုးဖို့လည်းအဆင်သင့်နော်..) ..ဒါပဲနော် ကိုကို..."

တဖက်ကကြားလိုက်ရတဲ့မိန်းကလေးအသံကြောင့် စိတ်ထဲဖျင်းကနဲဖြစ်သွားသည်...တခန်းထဲအတူတူနေကြတာလား... ဒါကိုသိအောင်လို့ ငယ်ကတမင်ဖုန်းဆက်တာလား..

"ဟာကွာ...တောက်..."

ကိုင်ထားတဲ့ဖုန်းကနံရံဆီသို့ကျရောက်ကာ အစိတ်စိတ်အမွှာမွှာအဖြစ်သို့...

အမုန္းဟုေခၚသလား🖤❤️🖤❤️🖤(အမုန်းဟုခေါ်သလား🖤❤️🖤❤️🖤)🔞🔞🔞🔞🔞Место, где живут истории. Откройте их для себя