အမုန်းဟုခေါ်သလား ~~7

1.4K 57 25
                                    



Zawgyi ~~~

"ဘယ်လို Anna.. လက်ထပ်ချင်တယ်ဟုတ်လား..."

"အင်းလေ ကိုရဲ့  ဘာဖြစ်လို့လည်း..."


         စောစောစီးစီးကုမ္မဏီရုံးခန်းထဲရောက်လာပြီး လက်ထပ်ရအောင်ပြောနေတဲ့ Anna ကို Perth မယုံကြည်နိုင်သလိုကြည့်မိ၏....



"ဘာအတွက်ကိုယ်က Anna ကိုလက်ထပ်ရမှာလည်း... အကြောင်းပြချက်ပေးပါဦး..."



       ခြေချင်းချိတ်ထိုင်ထားသော သူမခြေထောက်လှလှလေးကိုပြန်ချလိုက်ရင်းမှ...


"Anna တို့တွဲလာတာဒီလောက်ကြာပြီ..ပတ်ဝန်းကျင်ကလည်းအကုန်သိနေတာကို လက်ထပ်မှသင့်တော်တော့မယ်မဟုတ်ဘူးလား..."


"ငါ့မှာ Saint Suppapong  ရှိနေသေးတယ်ဆိုတာ မင်းသိသေးရဲ့လား..."

"ဒါများဘာခက်လို့လည်းကိုရယ်.. အလွယ်လေးကွာလိုက်ရတာကို.. ပြီးတော့သူကယောင်္ကျားလေးပဲနစ်နာစရာမရှိပါဘူး..."

       Perth ထိုင်ရာကထပြီး Anna ရှေ့တွင်ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး သွားရပ်လိုက်သည်..


"ဒါပေမယ့် ဘယ်လိုလုပ်မလည်း.. ကိုယ်မင်းကိုလက်ထပ်ဖို့အစီအစဉ်မရှိဘူး..."


"အဟင်း... ရပါတယ် ကိုရဲ့.. ဒီကိစ္စကိုလွယ်လွယ်လက်ခံမှာမဟုတ်တာသိသားပဲ... ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ.. Saint Suppapong ကတော့ ကိုနဲ့ Anna အကြောင်းကိုအတွင်းကျကျသိနေတော့လေ.. အိမ်မှာတောင်လိုက်အိပ်ဖူးတာကို..."

"လိုက်အိပ်တိုင်းသာ လက်ထပ်ရမယ်ဆိုရင်တော့ Anna ရယ်..မင်းက ငါ့ရဲ့ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့မယားဖြစ်နေလောက်ပြီ... မင်းပြောသလိုအတိုင်းသာဆို ဘယ်လိုလုပ်ရပါ့မလဲ.. ငါဆိုတဲ့ကောင်ကလည်း မင်းကိုလက်ဖျားလေးတောင်မထိခဲ့ဖူးဘူးဆိုတော့......"


Perth စကားကြောင့် Anna လှုပ်လှုပ်ရှားရှားဖြစ်သွားသည်...


"အို... Anna ကလိုက်လျောခဲ့သားပဲ...ကိုကပဲ Saint ကလွဲရင် ဘယ်သူ့အသားမှမထိချင်ဘူးဆိုပြီး တွန်းထုတ်ခဲ့တာမလား.. အားလုံးရဲ့အမြင်မှာတော့ Anna နဲ့ကိုက living together လို့ပဲမြင်ကြတာလေ..."


အမုန်းဟုခေါ်သလား🖤❤️🖤❤️🖤(အမုန်းဟုခေါ်သလား🖤❤️🖤❤️🖤)🔞🔞🔞🔞🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ