အမုန်းဟုခေါ်သလား~ 19

406 25 8
                                    

Unicode~~

ဘယ်လိုမှ မထင်မှတ်စွာ ကိုကို့ကိုမြင်လိုက်ရချိန် နားရင်းတောင်ထူပူမိတဲ့အထိ စိတ်လှုပ်ရှားသွားရသည်... ပျက်ယွင်းသွားသောမျက်နှာကို ပြင်လိုက်ရပေမယ့် မပီပြင်တာကိုတော့ ကိုကိုဖမ်းမိပါလိမ့်မည်...

" ဘာဖြစ်နေတာလဲ ငယ်... မျက်နှာလည်းမကောင်းပါလား..ချွေးတွေလည်းမျက်နှာမှာစို့လို့..."

ငယ်မျက်နှာချက်ခြင်းပျက်သွားတာကို သူသတိထားမိသည်... မလိမ်တတ်တဲ့ ထိုကောင်လေးက တခုခုဆို သူ့ပုံစံမှာပေါ်လွင်နေကာ တဖက်လူချက်ခြင်းရိပ်မိသိရှိသွားအောင် ဟန်ဆောင်မှုကလည်း မပိရိပေ...

"ရုတ်တရက်ဆိုတော့ အံ့သြသွားတာပါ ကိုကို... ညကအထိ လိုက်လာမယ်လည်းမပြောတော့..."

စကားကို ထိန်းပြောနေပေမယ့် စိတ်လှုပ်ရှားလွန်းတာကြောင့် အဆုံးသတ်ဖို့ကို တံတွေးကမျိုချနေရသည့်အဖြစ်...

"Saint ....."

အခန်းတံခါးဝ ကနေ ပေါ်လာသော Pann..
အခုမှ အိပ်ယာထကာစ ကပိုအရိုနှင့်ဖြစ်ကာ..ကြိုးတလုံးဂါဝန်ကပင် ကြိုးတဖက်က လက်မောင်းပေါ်ပြေကျနေသည်... အနေအထားကိုကြည့်ကာ ဘာဆိုတာမရှင်းပြလည်း သဘောပေါက်လွယ်သည့်အခြေအနေ...

ယိုင်သွားသောခြေအစုံကြောင့် နီးစပ်ရာခုံတခုခုကိုအမြန်လှမ်းကိုင်ထားလိုက်ရသည်...သူလိုက်လာခဲ့သည်မှာ ဒီမြင်ကွင်းကိုမြင်ရဖို့အတွက်လား...

"ကိုကို...."

စိုးရိမ်တကြီးပြေးပွေ့လာသည့် ငယ့်လက်တွေကြားမှာရုန်းလိုက်ချင်ပေမယ့် ခန္ဓာကိုယ်က စိတ်နောက်ကိုပါမလာ...အလဲလဲအပြိုပြိုနဲ့ သူ့ပုံစံကိုချမပြလိုပေ..


" ဟေ့ကောင်... Saint... မင်းကလည်းကွာ ကိုယ့်အခန်းကိုပြန်တာငါ့ကိုခဏမစောင့်ဘူး.. ရေအိမ်ဝင်နေတဲ့ဟာကို... ဒီမှာ မင်းဖုန်း ကျန်ခဲ့တယ်... မင်းဆိုတာလည်း ငါ့အခန်းမှာပဲရေချိုးပါဆိုတာကို မင်းအခန်းမဟုတ်ဘူးဆိုပြီး ချေးများနေသေးတယ်...  မနေ့ညက Pann အမူးလွန်သွားလို့ မင်းအခန်းမှာ အိပ်နေတယ်ဆိုတာကိုပြောပြမလို့ဟာ...  မင်းကတော့လေ..."


အမုန္းဟုေခၚသလား🖤❤️🖤❤️🖤(အမုန်းဟုခေါ်သလား🖤❤️🖤❤️🖤)🔞🔞🔞🔞🔞Onde histórias criam vida. Descubra agora