အမုန်းဟုခေါ်သလား~ 11

1.2K 59 22
                                    




လက်မှနာကျင်မှုကိုသည်းမခံနိုင်ခြင်းနဲ့အတူ Perth လက်ထဲမှ ရုန်းထွက်လိုက်သည်..

"ကဲပြော... ဘာလဲ.. စောစောစီးစီး ဘာဖြစ်ချင်နေတာလဲ.."

"အဲ့ဒါကို မက မေးရမှာ.. မောင်ဘာဖြစ်နေတာလည်း.. မောင်က...မောင်က... ဘာလို့ နာကျင်အောင် ကျမကိုလုပ်ရတာလဲ..."

မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာထုရိုက်အော်ဟစ်နေတဲ့ မ ကို ကျွန်တော်မတားဆီးတော့ ဘာဖြစ်နေမှန်းလည်း ကျွန်တော်ကိုယ်တိုင်မသိပေ.. ငယ်နဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိ မခံနိုင်တဲ့စိတ်က အခုတလောပိုဆိုးလာခဲ့သည်..

"မ .. တော်တော့.. မောင်တို့ အချိန်လိုတယ်.. ငယ့်ကိုဒီအတိုင်းပြစ်ထားလို့မရဘူး.. အကြာကြီးစောင့်ခဲ့ပြီးပြီမလား..အဲ့ဒါဆို ဆက်စောင့်..အဲ့လိုမှမဟုတ်ရင် မောင်တို့စကားထပ်ပြောဖို့လိုလိမ့်မယ်..အခုတော့သွားအိပ်လိုက်တော့.."

ပခုံးကိုညင်သာစွာပွေ့ဖက်ကာ အခန်းတံခါးဝသို့ မကိုပို့ပေးခဲ့လိုက်သည်..တခါတလေသူမဟာ ငယ့်ထက်တောင်ဆိုးဝါးစွာမသိတတ်လေခြင်းလို့ သူပထမဆုံးကောက်ချက်ချမိလေ၏...

.....

Sunny ခြေလှမ်းတွေက Tanapon စံအိမ်ကြီးကိုလာရမည်ဆိုလျှင် တက်ကြွတဲ့ကြက်ဖကဲ့သို့ အတောင်တဖြန့်ဖြန့်နှင့်သာ.. ဤအိမ်သည် သူမရဲ့သင်္ဘောရွက်လွှင့်ရာမဟုတ်လား..
ဝင်ထွက်နေကြဖြစ်၍ Sunny အတွက်မထူးဆန်း ဖုန်းဆက်ထားပြီးပြီမို့ ဧည့်ခန်းကစောင့်ရုံပင်.. သူဌေးရုံးမတက်တဲ့ရက်တွေသူမလာနေကြမို့ ဒီစံအိမ်သည် Sunny အတွက်မစိမ်းတော့ပေ..

"ဘယ်သူလည်း..ဘယ်သူနဲ့တွေ့ချင်လို့လည်း.."

အသံနဲ့အတူ ကြိုးတလုံးဂါဝန်ကိုကပ်ရပ်နေအောင်ဝတ်ကာ အလှတွေပြင်ထားသောသူမ..အိုးမိုင်ဂေါ့ ဒီအစစ်မက ဘယ်သူလည်း..ဘာလို့ငါလွှင့်နေတဲ့သင်္ဘောနားရောက်နေရတာလည်း..

"ကျွန်တော် အတွင်းရေးမှူးပါ.."

သူဌေးလာမှ ပြန်ပြုပြင်လိုက်သောမျက်နှာကိုလည်း ဒီက Sunny မြင်ဖြစ်အောင်မြင်လိုက်ပါတယ်နော်..ခံစားချက်တွေကသိပ်မကောင်း.. သူဌေးရဲ့ဘေးနား ပူးကပ်မထိုင်ရုံသာ.. အသံကလည်းစကားပြောနေသည်မှာ ချွဲပြစ်နေလိုက်သည်မှာ..


အမုန်းဟုခေါ်သလား🖤❤️🖤❤️🖤(အမုန်းဟုခေါ်သလား🖤❤️🖤❤️🖤)🔞🔞🔞🔞🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ