🏰 အောက်တိုဘာလရဲ့ လတစ်ဝက်ကျော်လာသည့်တိုင် မိုးဝဿန်နဲ့ မြူနှင်းတို့က တစ်လှည့်စီဖြစ်တည်ပေးရင်း ချင်းမိုင်မြို့တစ်ခွင်လုံးကို စွတ်စိုမှုနဲ့ ချမ်းအေးမှုတွေ ဖြန့်ဝေပေးလို့..........
❤🏰 အခန်းထဲရှိ ကျူးလစ်Diffuser ဆီက ထွက်ပေါ်နေတဲ့ အမွှေးရနံ့တို့က ကျွန်တော်တို့ အခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်.........
နာရီလက်တံလည်နေတာကပဲ မြန်နေသလား..... အချိန်တွေကိုက ကုန်တာ မြန်နေသလားမသိ...... ခုဆိုရင် Octoberလဝက်တောင် ကျိုးပြီဗျ......
ဒီနေ့က October 17ရက်နေ့လေ........
စနေနေ့လည်းဖြစ်နေတော့ ကိုကိုက ဒီနေ့ရုံးခန်းမထိုင်တော့ဘဲ ဖရုံသီး ပုံဖော်ပေးတဲ့ဆီက အခြေအနေကို သိရအောင်လို့ သူကိုယ်တိုင်တစ်ချက်သွားကြည့်ဦးမယ်ဆိုပြီး မနက်စာစားတုန်းက ပြောတယ်ဗျ.......
ကိုကိုပထမဦးဆုံး ဦးစီးကျင်းပမယ့် ဒီ Halloween ပွဲကြီးကို ကျွန်တော့်အနေနဲ့လည်း စိတ်ဝင်စားမိတော့ ပွဲတော်ကြီးဖြစ်မြောက်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာကို လိုက်ကြည့်ချင်သည်........
ကျွန်တော့်ဘဝတစ်လျှောက် ဘယ်လိုပွဲအခမ်းအနားတွေဖြစ်ဖြစ် ပွဲကျင်းပတဲ့ရက်မှသာ သွားပြီးပါဝင်ဆင်နွှဲဖြစ်တာလေ........
ခုလိုတခမ်းတနား ခြိမ့်ခြိမ့်သဲသဲကျင်းပမယ့် ဒီပွဲတော်ကြီးဖြစ်လာအောင် ဘယ်လိုတွေပြင်ဆင်ရလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရမယ့် အခြေအနေကြီးမို့ တော်တော်လည်း စိတ်လှုပ်ရှားရပါတယ်........
အဲ့ဒါနဲ့ ကျွန်တော်လည်း အခွင့်အရေးကြုံတုန်းဆုံတုန်း အကျိုးရှိရှိ အသုံးချချင်တာနဲ့ ဖရုံသီးပုံဖော်တဲ့ဆီသွားရင် လိုက်ခဲ့ချင်ကြောင်းပြောကာ လိုက်ခဲ့လို့ရမရ မေးကြည့်တော့ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့် ကိုကိုက ကျွန်တော့်ရုံးမှာ အရေးတကြီး အလုပ်ကိစ္စတွေ မရှိရင် အတူတူသွားကြမယ်လေတဲ့........
ကိုယ်လိုက်ခွင့်ရသွားတာနဲ့မပြီး.......အနားမှာဆော့နေတဲ့ Robinကိုလှမ်းမြင်လိုက်တော့ သံယောဇဥ်က ဖြစ်ရပြီ......
YOU ARE READING
Classic Love 🖤 ❤(Hiatus)
Fanfictionစိုက်ခင်းတွေ ပန်းပေါင်းစုံခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်တွေကြားထဲ ယိမ်းနွဲ့ပြီး ကြည်နူးပျော်ရွှင်မှု၊ကြေကွဲဝမ်းနည်းမှု၊လွမ်းဆွတ်တမ်းတမှု စတဲ့ ရသစုံ ခံစားမှုတွေ ပေးကြမယ့် စီးပွားရေး လုပ်ငန်းပိုင်ရှင် ကောင်လေး၂ယောက်အကြောင်း............ See ya gu...