🖤🏰 စံအိမ်ကိုပြန်ရောက်တာနဲ့ ခဏနားကာ နေ့လည်စာအတူတူ စားသောက်ပြီးတော့ ပတ္တမြားလုံးတို့ ဗိုက်လေးလို့ဆိုပြီး သူ့ဗိုက်လေး သူ မ ရင်း အခန်းထဲပတ်သွားရင်း သူ့ကို ခုလိုဗိုက်ကြီးတင်းနေအောင်ထိ ထမင်းတွေ အတင်းကျွေးရသလားဆိုပြီး ကျွန်တော့်ကို ရန်ကလုပ်သေးတယ်.......
ရန်လုပ်လို့ပြီးတာနဲ့ "နေလို့ကိုမရတော့ဘူး အင်္ကျီတွေက ဗိုက်မှာတစ်နေပြီ" အော်ရင်း ကျွန်တော့် ရှပ်အင်္ကျီအဖြူအပွတစ်ထည် သွားယူဝတ်လာပြီး အချိန်သိပ်မကြာလိုက်.........
"မွေ့ယာကြီးက သူ့ကို လှမ်းဆွဲနေတယ်" အော်ကာ တန်းပြီး မွေ့ယာပေါ် ပစ်လှဲအိပ်တော့သည်........
စက္ကန့်တိုင်း အသည်းယားအောင်လုပ်နေနိုင်တဲ့ အဲ့ယုန်ဖြူလုံးကို စိတ်ရှိလက်ရှိသာဆိုရင် အသေဖျစ်ညစ်ပြီး တအားအသည်းယားအောင်လုပ်လွန်းလို့ တအုန်းအုန်းနဲ့ ရိုက်ပစ်လိုက်တယ်........
စိတ်နဲ့ရိုက်ကြည့်တာတောင် ကျွန်တော့်မှာ ရင်တထိပ်ထိပ်နဲ့ပါပဲ........နဂါးအသွင်တန်းပြောင်းသွားမယ့် သူ့ပုံစံကို သိလွန်းလို့လေ........
သူအိပ်နေတုန်း မနက်ကပစ်ထားခဲ့ရတဲ့ အလုပ်တွေထဲ ပြန်ခေါင်းစိုက်နေတုန်း Astrophotographer ဆီက Mailဝင်လာသည်.......
ကလေးငယ်အတွက် ပြီးခဲ့တဲ့တစ်လလုံးစီစဥ်ထားရတဲ့ လက်ဆောင်လေးက သူပုံပြင်တာဘာညာတွေ အကုန်ပြီးစီးသွားပြီမို့ မနေ့ကပဲ လှမ်းပို့ပေးလိုက်ပြီတဲ့လေ..... ကုန်ပစ္စည်းပို့ဆောင်တဲ့ရုံးကို ပစ္စည်းရောက်တာနဲ့ Deliသမားက ကျွန်တော့်အိမ်ကို လာပို့ပေးလိမ့်မယ်ဆိုပဲ.......
ကျေးဇူးတင်ကြောင်း ပြန်ပြောထားလိုက်ပြီး ညကျရင်တော့ ကျွန်တော် မြတ်နိုးရတဲ့ သူ့အပြုံးလေးတွေ ထပ်မြင်ရတော့မှာကို ကြိုတွေးကြည့်ရင်း ရင်တွေပါတုန်လာရတဲ့အထိ........
သူ့အပြုံးတွေနဲ့ သက်တမ်းတိုးရင်း ရှင်သန်ရတဲ့ နှလုံးသားတစ်ခုဖြစ်လို့ သူ့အပြုံးတွေကို ကိုယ်တိုင် ကိုယ်ကျ ငေးကြည့်ရတိုင်း ရင်ထဲမှာ မြတ်နိုးခြင်းပန်းတွေက မနိုင်အောင် ပွင့်လန်းရသည်.........
YOU ARE READING
Classic Love 🖤 ❤(Hiatus)
Fanficစိုက်ခင်းတွေ ပန်းပေါင်းစုံခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်တွေကြားထဲ ယိမ်းနွဲ့ပြီး ကြည်နူးပျော်ရွှင်မှု၊ကြေကွဲဝမ်းနည်းမှု၊လွမ်းဆွတ်တမ်းတမှု စတဲ့ ရသစုံ ခံစားမှုတွေ ပေးကြမယ့် စီးပွားရေး လုပ်ငန်းပိုင်ရှင် ကောင်လေး၂ယောက်အကြောင်း............ See ya gu...