🖤🏰 စံအိမ်ပြန်ရင်း Resortရှေ့ကနေဖြတ်တော့ ကိုယ့်Resortက ဝန်ထမ်းကလေးတစ်ချို့စုပြီး ရောင်းချနေတဲ့ Halloween မုန့်စျေးတန်းလေးကို လမ်းကြုံခဏဝင်ကြည့်ဖြစ်လိုက်သေးသည်......
ဒီနေ့ဝတ်ထားတဲ့ Outfitနဲ့ မျက်နှာပေါ်က Halloween စတစ်ကာတွေကြောင့် သူတို့CEOမှန်းမသိတာကပဲ တစ်မျိုးကောင်းသွားတယ်ပြောရမယ်.....ရှောင်တခင်,ဝင်စစ်ကြည့်လိုက်သလိုမျိုး ဖြစ်သွားပြီး ဆိုင်တိုင်းလိုလို Customerတွေအပေါ် အလေးထားဆက်ဆံပေးကြတာကို သိမြင်ရတော့ ကျွန်တော့်မှာ ပီတိဖြစ်ရသည်.....
မုန့်စျေးတန်းလေးထဲမှာ Halloween theme Cotton Candy(အာတာပူစီ/ငှက်သိုက်မုန့်) ရောင်းနေတာကိုမြင်လိုက်တာနဲ့ "ကိုကိုးး~~ ကလေးကို ဟို Jack Skellington Cotton Candyကြီး ဝယ်ကျွေးချင်ပူး(ဘူး)လားးး~~" ဆိုပြီး အကောင်ပေါက်လေးက Cotton Candyပူဆာလို့ တစ်ခုဝယ်ကျွေးလိုက်ရသေး.......
Reoကြီးကတော့ သူ့လက်အောက်က ဝန်ထမ်းတွေဖြစ်နေတာကတစ်ကြောင်း ဂျာကြီးမူမပျက်ဘဲ ဟိုဟာမေး ဒီဟာမေးနဲ့....အရေးထဲ မင်းတို့သူဌေးနဲ့ဂျာကြီးက ဒီလိုတွေ ရောင်းခွင့်ပေးထားလို့လားဆိုပြီး သွားကြပ်သေးတယ်ဗျာ......
ကလေးတွေက Ellaကောင် လက်စွမ်းပြထားလို့ ဟောလိုးဝင်းစတစ်ကာတွေပြည့်နေတဲ့ ကျွန်တော့်မျက်နှာကို မမှတ်မိကြသလို သူ့မျက်နှာကိုလည်း ရုတ်တရက်မမှတ်မိကြဘူး ထင်ပါတယ်.....
Resortရဲ့ ဂျာကြီးမှန်းမမှတ်မိကြဘဲ သူတို့အခုလိုရောင်းချတာကို ဒီClassic resortကြီးရဲ့သူဌေးရော ဂျာကြီးတွေကပါ ခွင့်ပြုပေးထားကြောင်း တရိုသေနဲ့ပြန်ဖြေပေးကြလို့ တော်သေးတာပေါ့ဗျာ.....
YOU ARE READING
Classic Love 🖤 ❤(Hiatus)
Fanficစိုက်ခင်းတွေ ပန်းပေါင်းစုံခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်တွေကြားထဲ ယိမ်းနွဲ့ပြီး ကြည်နူးပျော်ရွှင်မှု၊ကြေကွဲဝမ်းနည်းမှု၊လွမ်းဆွတ်တမ်းတမှု စတဲ့ ရသစုံ ခံစားမှုတွေ ပေးကြမယ့် စီးပွားရေး လုပ်ငန်းပိုင်ရှင် ကောင်လေး၂ယောက်အကြောင်း............ See ya gu...