ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်

2 0 0
                                    

"ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)" | ကောက်နုတ်ချက် ၃၆

ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည်

ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ နေရာတစ်ခုလုံးကို ငါချမ်းသာပေးမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၀ တဖန်တုံ၊ ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၁ တဖန်တုံ၊ ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ နှစ်ဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။

ကမ္ဘာ ၁၈:၃၂ တဖန်တုံ၊ ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။

ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံပြီး မိန့်တော်မူချက်များကို လိုက်နာနိုင်သော သူများကိုသာ ဂရုစိုက်သည်

အထက်ပါ ကျမ်းပိုဒ်များတွင် အဓိကကျသော စာလုံးအချို့ ပါဝင်သည်၊ ၎င်းတို့မှာ ဂဏန်းများ ဖြစ်သည်။ ပထမဦးစွာ ယေဟောဝါက မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကို သူတွေ့လျှင် တစ်မြို့လုံးကို ချမ်းသာပေးမည်ဟု ဆိုခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် ထိုမြို့ကို သူဖျက်ဆီးမည် မဟုတ်ဟု ဆိုလိုသည်။ ထိုသို့ဆိုသော် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ် အမှန်တကယ် ရှိခဲ့သလော။ မရှိခဲ့ပါ။ ထိုသို့ဆိုပြီးနောက် အာဗြဟံသည် ဘုရားသခင်အား မည်သည်ကို ပြောခဲ့သနည်း။ သူက လေးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုခဲ့သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထို့နောက် အာဗြဟံက သုံးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုပြန်သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထိုသို့ဆိုသော် နှစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ တစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ ဆယ်ဦး အမှန်တကယ် ရှိခဲ့သလော။ ဆယ်ဦး မရှိခဲ့ပါ၊ သို့သော် တစ်ဦး ရှိခဲ့သည်။ ဤသူမှာ မည်သူ ဖြစ်သနည်း။ ထိုသူမှာ လောတဖြစ်သည်။ ထိုစဉ်က သောဒုံမြို့ထဲ ဖြောင့်မတ်သူ တစ်ဦးမျှသာ ရှိခဲ့သော်လည်း ဘုရားသခင်သည် ဤဂဏန်းနှင့်ပတ်သက်လာပါက အလွန်တင်းကျပ် သို့မဟုတ် တိကျခဲ့သလော။ မဟုတ်ပါ၊ သူမတင်းကျပ်ခဲ့ပါ။ ထို့ကြောင့် လူက "လေးဆယ်ဆို အဘယ်နည်း" "သုံးဆယ်ဆို အဘယ်နည်း" ဟူ၍ "တစ်ဆယ်ဆို အဘယ်နည်း" ရောက်သည်အထိ ဆက်၍မေးခဲ့သည်။ ဘုရားသခင်က "ဆယ်ဦးသာ ရှိခဲ့လျှင်လည်း ထိုမြို့ကို ငါမဖျက်ဆီး၊ ၎င်းကို ငါချမ်းသာပေးပြီး ထိုဆယ်ဦးအပြင် အခြားလူများကိုပါ ခွင့်လွှတ်မည်" ဟုဆိုခဲ့သည်။ ဆယ်ဦး ဆိုသည်မှာ အလွန်နည်းသော်လည်း အမှန်တကယ် သောဒုံ၌ ဖြောင့်မတ်သောသူ အရေအတွက်မှာ ယင်းလောက်ပင် မရှိကြောင်း တွေ့ခဲ့ရသည်။ ထို့အပြင် ဘုရားသခင်၏ အမြင်တွင် ထိုမြို့သားတို့၏ အပြစ်တရားနှင့် မကောင်းမှုသည် ထို့လောက်ပင် ဖြစ်ခဲ့သဖြင့် ဘုရားသခင်သည် ၎င်းတို့ကို မဖျက်ဆီးဘဲ မနေနိုင်လောက်အောင်ပင် ရွေးချယ်စရာမရှိ ဖြစ်ခဲ့ကြောင်းကို သင်တို့မြင်ကြရမည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိပါက မြို့ကို သူမဖျက်ဆီးဟု ပြောခဲ့သည့်အခါ အဘယ်အရာကို သူဆိုလိုခဲ့ခြင်း ဖြစ်သနည်း။ ဤဂဏန်းများမှာ ဘုရားသခင်အတွက် အရေးမကြီးခဲ့ပါ။ အရေးကြီးသောအရာမှာ မြို့ထဲတွင် သူအလိုရှိခဲ့သော ဖြောင့်မတ်သူများ ရှိ မရှိ ဖြစ်သည်။ အကယ်၍ မြို့ထဲတွင် ဖြောင့်မတ်သောသူ တစ်ဦးသာ ရှိခဲ့ပါက ဘုရားသခင်သည် မြို့ကို ဖျက်ဆီးခြင်းအကြောင်းကြောင့် ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်ခွင့်ပြုမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် မြို့ကို ဖျက်ဆီးမည် ဖြစ်စေ မဖျက်ဆီးမည် ဖြစ်စေ၊ မြို့ထဲတွင် ဖြောင့်မတ်သူ မည်မျှရှိသည်ဖြစ်စေ ပဓာနမထားဘဲ ဘုရားသခင်အတွက်မူကား ဤဒုစရိုက်မြို့သည် ကျိန်ခြင်းကိုခံရပြီး မနှစ်မြို့စရာ၊ ဖျက်ဆီးထိုက်သောမြို့၊ ဘုရားသခင်၏ မြင်ကွင်းမှ ပျောက်ကွယ်ထိုက်သောမြို့ ဖြစ်သော်လည်း ဖြောင့်မတ်သောသူတို့မူကား ဆက်လက်တည်ရှိသင့်ပေသည်။ မည်သည့်ခေတ်ကာလ ဖြစ်ပါစေ၊ လူသားမျိုးနွယ်၏ တိုးတက်မှု အဆင့်တို့ကို ပဓာနမပြု၊ ဘုရားသခင်၏ သဘောထားသည် မပြောင်းလဲပေ၊ သူသည် မကောင်းမှုကို မုန်းတီး၍ သူ၏အမြင်တွင် ဖြောင့်မတ်သောသူတို့ကို ဂရုစိုက်လေ၏။ ဘုရားသခင်၏ ရှင်းလင်းသော ဤသဘောထားမှာ ဘုရားသခင်၏ဖြစ်ခြင်းကို စစ်မှန်စွာ ထုတ်ဖော်ပြသခြင်းလည်း ဖြစ်သည်။ မြို့ထဲ၌ ဖြောင့်မတ်သူတစ်ဦးသာ ရှိခြင်းကြောင့် ဘုရားသခင်သည် ဆက်၍ ဆိုင်းငံ့ခြင်း မရှိတော့ပေ။ နောက်ဆုံးရလဒ်မှာ သောဒုံသည် ဖျက်ဆီးခြင်းကို ဧကန် ခံခဲ့ရလေသည်။ ဤအရာထဲမှ သင်တို့ မည်သည်ကို မြင်သနည်း။ ထိုခေတ်ကာလတွင် ဘုရားသခင်သည် မြို့တစ်မြို့၌ ဖြောင့်မတ်သူ အယောက်ငါးဆယ် ရှိခဲ့ပါက၊ ဆယ်ဦးရှိခဲ့ပါက ထိုမြို့ကို မဖျက်ဆီးပေ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့ကိုကြည်ညိုလေးမြတ်ပြီး ကိုးကွယ်နိုင်သည့် လူအနည်းငယ်ကြောင့် လူသားမျိုးနွယ်ကို ခွင့်လွှတ်ရန်နှင့် သည်းခံရန် ဆုံးဖြတ်လိမ့်မည် သို့မဟုတ် လမ်းပြခြင်းအမှုကို ပြုလိမ့်မည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် လူ၏ ဖြောင့်မတ်သော အမှုများအပေါ် အလွန်စိတ်ချယုံကြည်သည်၊ သူ့ကို ကိုးကွယ်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်ပြီး သူ့ရှေ့တွင် ကောင်းသောအမှုများကို လုပ်ဆောင်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်သည်။

ခရစ်တော်၏ ပြောကြားချက်များWhere stories live. Discover now