လူအများစုသည် ၎င်းတို့၏ အနာဂတ် ပန်းတိုင်အတွက်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့် ပြုပြင်ဆုံးမခြင်းကိုမျှ မခံယူကြသော ထိုသူတို့အတွက်မူ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အတွက်၊ ဆုလာဘ်များ ရရှိနိုင်ရန် အတွက်သာ ဖြစ်သည်။ ယင်းမှာ ပြီးပြည့်စုံလင်စေခြင်း ခံရရန်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အတွက်လည်း မဟုတ်ပါ။ ပြောရမည်ဆိုလျှင် လူအများစုသည် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းရန် အလို့ငှာ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်အား ယုံကြည်ကြခြင်း မဟုတ်ပေ။ လူများသည် အဓိပ္ပာယ် ပြည့်ဝသော အသက်တာကို နေထိုင် နိုင်ရန် ဘုရားသခင်အား ယုံကြည်ကြသည်မှာ ကြုံတောင့် ကြုံခဲပင် ဖြစ်ပြီး၊ လူသည် အသက်ရှင်သည့်အတွက် သူသည် ဘုရားသခင်အား ချစ်သင့်သည်၊ အကြောင်းမှာ ယင်းသို့ ပြုခြင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်သောကြောင့် ဖြစ်ပြီး၊ ယင်းသည် လူ၏ ပင်ကိုယ် လုပ်ငန်းဆောင်တာပင် ဖြစ်သည်ဟူ၍ ယုံကြည်သော သူများလည်း မရှိပါ။ ဤသို့ကြောင့်၊ ကွဲပြားခြားနားသော လူများသည် အသီးသီး မိမိတို့၏ ပန်းတိုင်များကို မီအောင်လိုက်ကြ သော်လည်း၊ ၎င်းတို့ လိုက်ခြင်း၏ ရည်မှန်းချက်နှင့် ယင်းနောက်ကွယ်မှ လှုံ့ဆော်မှုမှာမူ အားလုံးအတူတူပင် ဖြစ်ကြသည်၊ ပြီးလျှင်၊ ထပ်ရှိသေးသည့် အရာမှာ၊ ၎င်းတို့ အများစုအတွက်မူ ၎င်းတို့ ဝတ်ပြုကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်များမှာလည်း ထပ်တူပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ချီများ အတွင်း၊ များစွာသော ယုံကြည်သူတို့သည် သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ များစွာတို့ သည်လည်း သေဆုံးခဲ့လျက် တဖန်ပြန်လည် မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ရှာသောသူ တစ်ယောက် နှစ်ယောက်သာမဟုတ်၊ တစ်ထောင် နှစ်ထောင်ပင်လျှင် မဟုတ်ပေ၊ သို့သော် ဤလူအများစု၏ လိုက်ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများ၊ သို့မဟုတ် အနာဂတ်အတွက် ၎င်းတို့၏ ဘုန်းကျက်သရေ ရှိသော မျှော်လင့်ချက်များ အတွက်သာ ဖြစ်သည်။ ခရစ်တော်အား ဆည်းကပ်သော ထိုသူများမှာ အလွန်ပင် ရှားပါးသည်။ ဘုရားဝတ်၌ မွေ့လျော်သော ယုံကြည်သူ များစွာသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကွန်များတွင် ကျော့မိလျက် သေဆုံးခဲ့ကြပြီး၊ ထို့အပြင် အောင်မြင်ခဲ့သော လူအရေအတွက်မှာ အလွန်ပင် သေးနုပ် လှသည်။ ယနေ့ကာလထိတိုင် လူများ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းများ၊ သို့မဟုတ် ၎င်းတို့ အောင်မြင်မှု၏ လျှို့ဝှက်ချက်များကို ၎င်းတို့ မသိရှိကြသေးပေ။ ခရစ်တော်အား ဖွေရှာခြင်းကို စိတ်စွဲလမ်းကြသော ထိုသူများသည် ၎င်းတို့၏ ရုတ်ခြည်း ထိုးထွင်းဉာဏ်၏ အခိုက်အတန့်ကို မရရှိကြသေးပေ၊ ၎င်းတို့သည် ဤနက်နဲ မှုများ ၏ အခြေသို့ မရောက်ရှိခဲ့ကြပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လုံးဝ မသိကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်ခြင်းတွင် အပတ်တကုတ် ကြိုးထုတ်မှုများ ပြုကြသော်ငြားလည်း၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် ယခင်က ၎င်းတို့၏ အရင်ကျသောသူများမှ လျှောက်ခဲ့သော ရှုံးနိမ့်မှု လမ်းကြောင်းပင် ဖြစ်ပြီး၊ အောင်မြင်မှု လမ်းကြောင်း မဟုတ်ပေ။ ဤသို့ဖြင့်၊ ၎င်းတို့သည် မည်မျှပင် ဖွေရှာသည် ဖြစ်စေ၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် အမှောင်ထုဆီသို့ ဦးတည်သည့် လမ်းကြောင်း ပင် မဟုတ်ပေလော။ ၎င်းတို့ ရရှိသည့် အရာမှာ ခါးသက်သော အသီးပင် မဟုတ်လော။ အတိတ် အချိန်များတွင် အောင်မြင်ခဲ့ကြသော ထိုသူများကို လိုက်တုကြသော လူများသည် အဆုံးတွင် ပေါကြွယ်မည်လော သို့မဟုတ် ဘေးဒုက္ခတွေ့မည်လော ဆိုသည်အား ခန့်မှန်းရန်မှာ ခက်ခဲပါသည်။ ထိုသို့ဆိုလျှင် ရှုံးနိမ့်ခဲ့သော သူများ၏ ခြေရာများနောက် လိုက်လျှောက်ရင်း ဖွေရှာကြသော သူများအတွက်မူ အောင်မြင်ကိန်းမှာ မည်မျှ ဆိုးရွားနေလိမ့်မည်နည်း။ ၎င်းတို့သည် သာ၍ ကြီးမားသည့် ရှုံးနိမ့်မှု အလားအလာပေါ်တွင် ရပ်နေခြင်းပင် မဟုတ်လော။ ၎င်းတို့ လျှောက်သော လမ်းကြောင်းတွင် မည်သည့် တန်ဖိုးရှိသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အချိန်ကို ဖြုန်းနေခြင်းပင် မဟုတ်တုံလော။ လူများသည် ၎င်းတို့၏ လိုက်ခြင်းတွင် အောင်မြင်မည် သို့မဟုတ် ရှုံးနိမ့်မည် စသည်မရွေး၊ အတိုချုပ်ဆိုရလျှင်၊ ယင်းတွင် ၎င်းတို့ ထိုသို့ပြုခြင်း၏ အကြောင်းရင်းတစ်ခု ရှိပြီး၊ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် ၎င်းတို့ နှစ်သက်သလို ဖွေရှာမှုအားဖြင့် အဆုံးအဖြတ်ပေး သည် ဆိုသည်မှာ မမှန်ကန်ပါ။
YOU ARE READING
ခရစ်တော်၏ ပြောကြားချက်များ
Espiritualအနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် လူများအား သန့်စင်ရန်နှင့် တရားစီရင်ရန် နှုတ်ကပတ်တော်များကို ဖော်ပြပြီး၊ ခေတ်သစ်ဖြစ်သည့် နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ရန် ၎င်းတို့ကို ဦးဆောင်သည်။ ခရစ်တော်၏ အုပ်စိုးမှုအောက်တွင် နာခံမှုရှိသော...