ဘုရားသခင်ကို ယုံကြည်ရာတွင် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမှုကိစ္စကို အနည်းဆုံး ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှု ပျောက်ဆုံးသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်းအားဖြင့် အလုံးစုံရရှိခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဆိုသည်မှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယဝင်ခြင်းမျိုး သို့မဟုတ် ငြင်းပယ်မှုတို့ မရှိနိုင်ဘဲ ယင်းကို ဆက်ကပ်ခြင်း ဖြစ်သည်သာမက ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သော ရည်မှန်းချက်များ ရှိခြင်း၊ သင့်ကိုသင် မစဉ်းစားခြင်း၊ သင်မည်သည့်အရာပင် ပြုနေသည်ဖြစ်စေ ဘုရားသခင်၏ မိသားစု အကျိုးစီးပွားများကို အရေးအကြီးဆုံးအဖြစ် အစဉ်အမြဲထားခြင်း၊ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအမံများကို လိုက်နာခြင်းတို့ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စွာထားနိုင်သည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သည့်တိုင်အောင် သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးနေရမည်။ ဘုရားသခင်၏ အလိုတော်ကို သင့်အား ပြသခြင်းကို စောင့်စားရန် အချိန်နှောင်းလွန်းခြင်းမရှိသောကြောင့် ယင်းကို လက်တွေ့ လုပ်ဆောင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိလာလိမ့်မည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြုပြီး တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်လျက် သင်၏အမြင်ကို မှန်ကန်စွာထားကာ ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်သော အရာများကို မလုပ်ဆောင်နှင့်။ ညီအစ်ကို မောင်နှမများ၏ ဘဝအသက်တာများအတွက် အကျိုးမရှိသော အရာများကို မလုပ်နှင့်၊ အခြားသူများအတွက် အကျိုးမရှိသော အရာများကို မပြောနှင့်။ ရှက်ဖွက်ကောင်းသော အရာများကို မလုပ်နှင့်။ အရာရာကို မျှမျှတတနှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းတို့ကို တင့်တယ်စေလော့။ တစ်ခါတစ်ရံတွင် လူ့ဇာတိသည် အားနည်းတတ်သော်လည်း၊ သင်သည် ဘုရားသခင်၏ မိသားစု အကျိုးဖြစ်ထွန်းစေရေးကို အရေးအကြီးဆုံးအရာအဖြစ် အလေးထားနိုင်ကာ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို မမျှော်ကိုးဘဲ ဖြောင့်မတ်ခြင်းတရားကို လုပ်ဆောင်နိုင်၏။ ဤနည်းလမ်းအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။
YOU ARE READING
ခရစ်တော်၏ ပြောကြားချက်များ
Tâm linhအနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် လူများအား သန့်စင်ရန်နှင့် တရားစီရင်ရန် နှုတ်ကပတ်တော်များကို ဖော်ပြပြီး၊ ခေတ်သစ်ဖြစ်သည့် နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ရန် ၎င်းတို့ကို ဦးဆောင်သည်။ ခရစ်တော်၏ အုပ်စိုးမှုအောက်တွင် နာခံမှုရှိသော...