Ep 1

714 47 7
                                    

Unicode

ညအမှောင် မြို့လေးတစ်မြို့ရဲ့ဟိုင်းဝေးလမ်းပေါ်မှာ ဆိုင်ကယ်လေးတစ်စီးက ပြေးလွှားနေတယ်

Jae - Tae ပျော်ရဲ့လား

Tae - ပျော်တာပေါ့ ဒါပေမဲ့ ခိုးထွက်လာတာ ဖွားဖွားသိသွားမှာ ကြောက်တယ်

Jae - ကိုယ်လဲ Tae ဖွားဖွားကိုကြောက်တယ် ဒါပေမဲ့ တွေ့တဲ့အချိန်တော့ ပျော်ပျော်နေပါ Tae ရယ်

Tae - အင်းပါ Jae

Taeyong တစ်ယောက် Jaehyun ခါးလေးကို တင်းကြပ်စွာဖက်ကာ ဆိုင်ကယ်လိုက်စီးမိသည်။

Omma - Taeyong... ဟဲ့ Taeyong ကားရပ်နားစခန်းရောက်ပြီ ထတော့

Chenle - Taeyong Hyung ထတော့လေ

Taeyong - ဟင် အာ ဟုတ် Omma ထပြီ

Taeyong's pov

ကျစ်... သူရှိတဲ့နေရာပြန်သွားရတာနဲ့ပဲ ငါကဘာကိစ္စသူ့အကြောင်းအိမ်မက် မက်နေရတာလဲ စိတ်ညစ်တယ် Lee Taeyong ရော အသိစိတ်လေးကပ်စမ်းပါဟ

Taeyong တစ်ယောက်စူပုတ်ကာ ဆိုင်ထဲဝင်ခဲ့သည်။

Omma - Omma မရှိတုန်းဖွားဖွားဆီမှာ လိမ်လိမ်မာမာနေနော် Omma လဲ သားတို့ ၂ယောက်ထဲထားခဲ့ဖို့ စိတ်မချလို့ ဖွားဖွားအိမ်ပို့ဖို့ ဆုံးဖြတ်လိုက်တာ

Taeyong - Omma ကလဲ ကျွန်တော် အဖွားအိမ် မသွားချင်ပါဘူး မသွားလို့ရမလား

Omma - မရပါဘူး ဘာလို့ အဲ့လို‌ေတွပြောနေတာလဲ အမေစကားနားထောင် အဖွားဆီအလည်သွားတယ်လို့ပဲသဘောထားပေါ့

Chenle - ကျွန်တော်က အဆင်ပြေပါတယ် Omma အချို့ကသာ အဲ့မှာ အဆက်ဟောင်းတွေဘာတွေရှိလို့ မသွားချင်တာလေ

Taeyong - Lele !! မင်း မင်း ပြီးမှငါနဲ့တွေ့မယ်

Chenle - အခုလဲတွေ့နေတာပဲလေ

Omma - တော်ပြီ အဖွားဆီသွားဖို့နောက်ကျမယ် မြန်မြန်စားကြ

Taeyong နဲ့ Chenle ကတော့ အကြည့်နဲ့ တိုက်ခိုက် နေကြဆဲ

ဒီလိုနဲ့သူတို့ဖွားဖွားရှိတဲ့မြို့ငယ်လေးကို နောက်ထပ် ၂နာရီလောက်မောင်းပြီးရောက်လာခဲ့တယ်။ ခြံထဲရောက်တာနဲ့

Taeyong - ဖွားဖွား

Lele - ဖွားဖွားရေ

ဖွားဖွား - အမလေး ငါမြေးလေးတွေလွမ်း‌ေနတာ

Restarting Love ( Complete )Where stories live. Discover now