Ep 2

420 39 2
                                    

Unicode

At morning 🌄,

Taeyong တစ်ယောက် မျက်လုံးမဖွင့်သေးပဲ အိပ်ယာထဲမှာ လူးလှိမ့်ရင်း

Taeyong's pov

အရင်တုန်းကသူနဲ့ရှိခဲ့တဲ့အချိန်တွေကို ပြန်တွေးမိတော့ ပျော်ဖို့ကောင်းလာတယ်

Taeyong မျက်လုံးလဲဖွင့်လိုက်ရော သူ့ဘေးမှာသူ့ကိုမျက်နှာချင်းဆိုင်ပြီး လှဲအိပ်နေတဲ့ Jaehyun

Taeyong's pov

ဟင် ငါအိမ်မက်မက်နေတာလား ထိကြည့်ဦးမယ်

Taeyong Jaehyun ရဲ့ နှာခေါင်းထိပ်ကိုထိကြည့်ပြီး

Taeyong - အား မင်းကဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေတာလဲ

Jaehyun - လမ်းလျှောက်ပြီး ဝင်လာတာလေ

Taeyong - ငါပြောတာအဲ့တာမဟုတ်ဘူး အိမ်မှာ အဖွားမရှိဘူးလား

Jaehyun - ရှိတယ်လေ အဖွားပဲပေးဝင်တာ ဒီအခန်းထဲကို

Taeyong - ဟမ်

Jaehyun - ငါတံခါးခေါက်သေးတယ် မင်းကအိပ်နေတာကို

Taeyong - ငါနိုးနေရင်တောင် ငါခွင့်ပြုမှဝင်လာရမှာပေါ့

Jaehyun - ငါအဖွားကို ပျိုးပင်တွေလာပို့ပေးတာ ပြီးတော့ မင်းကိုမနေ့က ငါငှားလိုက်တဲ့ ရှပ်အကျီပြန်လာတောင်းတာ ဘယ်မှာလဲငါ့အကျီ

Taeyong's pov - ဟွန့် ပေးစရာလား သူများအခန်းထဲ ပိုင်စိုးပိုင်နင်း ဝင်လာပြီးတော့

Taeyong - မင်းအကျီငါအဝတ်စုတ်လုပ်လိုက်ပြီ

Jaehyun - ပြီးတာပဲ

Jaehyun လဲ အခန်းပြင်ထွက်လာတော့ Taeyong  လဲလိုက်လာပြီး

Taeyong - မင်း နေဦး

Chenle - ဟင် ဒါ...ဒါ Jaehyun Hyung လား

Jaehyun - အင်း မတွေ့တာကြာပြီနော် lele

Chenle - wow ချောလာလိုက်တာ Hyung က အရင်တုန်းက ဆိုင်ကယ်စီးတုန်းကပုံထက်အများကြီးကြည့်‌ေကာင်းလာတယ်

Jaehyun - ‌မမြှောက်ပေးလဲ မုန့်ဝယ်ကျွေးပါမယ်

Chenle - မဟုတ်ပါဘူး တကယ်ပြောတာပါ ဒါနဲ့ Hyung ဘာလာလုပ်တာလဲ

Jaehyun - ဖွားဖွားမှာထားတဲ့အပင်တွေလာပို့တာ ပြီးရင် စိုက်ပေးရဦးမယ် ခြံထဲမှာ

Restarting Love ( Complete )Where stories live. Discover now