Ep 3

408 36 6
                                    

Unicode

Sungho - Ok ဒါဆို ဒီလိုပဲလုပ်ကြတာပေါ့ တဲတွေအဆင်သင့်ဖြစ်ပြီဆို ငါမင်းတို့ကိုပြန်အကြောင်းကြားမယ်လေ

Jaehyun - အင်း ကျေးဇူးပဲ Hyung

Sungho - ကျေးဇူးတင်စရာမလိုပါဘူကွာ မင်းခြံအနောက်မှာ တဲတွေပေးဆောက်တာနဲ့တင် ငါကကျေးဇူးတင်ရမှာပါ

Jaehyun - ရပါတယ် Hyung ကလဲ အဲ့အနောက်ဘက်က ဘယ်လိုပဲဖြစ်ဖြစ်အပင်စိုက်လို့မရဘူးလေ ပြီးတော့ ဒါကအခြားသူတွေကို ကူညီတာမလို့ ကျွန်တော်လုပ်သင့်တာပေါ့ ကျွန်တော်တို့ ၂ယောက်လဲ ဒီရွာရဲ့ အကြီးအကဲတွေဖြစ်နေပြီမဟုတ်လား

Sungho - အင်းပါ

Jisung - Jaehyun Hyung ဒီမှာပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော့်ကိုခွင့်ပြုပါဦးဗျ lele ကမုန့်ဝယ်ခိုင်းထားလို့

Jaehyun - ok သွားလိုက်ပါ

Jisung - ဟုတ် ခွင့်ပြုပါဦး Hyung တို့

Sungho - ဟေ့ Jaehyun lele ဆိုတာ အဖွားရဲ့ မြေး chenle ကိုပြောတာလား

Jaehyun - ဟုတ်တယ် Hyung

Sungho - သူ့အဖွားဆီလာလည်တာလား?

Jaehyun - သူအမေ နိုင်ငံခြားသွားမှာမလို့ လာပို့တာပြောတယ်

Sungho - ဒါဆို Taeyong လဲပါတာပေါ့

Jaehyun - အင်း

Sungho - ငါသူ့ကိုအရမ်းတွေ့ချင်နေတာ သူနဲ့မတွေ့ရတာကြာပြီ ငါသူ့ကို IG မှာတွေ့တယ် သူအခု အရမ်းချောလာတယ်နော်

Jaehyun - အင်း ဒီလိုပါပဲ

Sungho - မင်း သူနဲ့တွေ့ပြီးပြီမလား

Jaehyun - အင်း

Sungho - သူ့မှာအခုရည်းစားရှိလားမသိဘူးနော်

Jaehyun - အင်း ကျွန်တော်လဲမသိဘူး Hyung အခုထိသူ့ကိုကြိုက်တုန်းလား

Sungho - ငါလဲမသိဘူး မသေချာဘူး ငါသူ့ကိုတွေ့ပြီးမှသိမှာပေါ့ ငါသွားပြီ

Jaehyun - အင်း Hyung

Jaehyun စိတ်ထဲတော့ မတင်မကျဖြစ်မိသည်။ အရင်ကသူနဲ့ Sungho Hyung နဲ့ Taeyong ကိုပြိုင်လိုက်ခဲ့ကြတာမလား။ အဲ့ဒီတုန်းကတော့ Taeyong အချစ်ကိုသူရခဲ့သည်။ အခုရော အခုကဘယ်လိုအခြေအနေဖြစ်နေမှန်းမသိပါ။ သူ့ကို ထားသွားတဲ့ Taeyong ကို နာကျည်းရမလား ခွင့်လွှတ်ရမလား။ သူများလက်ထဲတော့ ထည့်မပေးချင်။ အဲ့လိုဖြစ်နေရအောင်လဲ Taeyong နဲ့သူနဲ့က ဘာမှမဆိုင်။ ဒါဆို သူ Taeyong ကိုစိတ်ရှိသေးတာလား ။ သူ့စိတ်တွေရှုပ်ထွေးနေခဲ့သည်။

Restarting Love ( Complete )Where stories live. Discover now