Ep 6

495 35 4
                                    

Unicode

Taeyong လဲအခန်းထဲ ဝင်လာပြီး နေရာအနှံ့ မျက်စိကစားကြည့်ရသည်။ Jaehyun များရှိနေမလားလို့

Taeyong - တော်သေးတာပေါ့ ရောက်မနေလို့ ဟင်း။

Taeyong လဲအိပ်ယာပေါ်က စောင်ကိုဖယ်နေတဲ့အချိန်

Jaehyun - ဘာတွေလုပ်နေတာလဲ

Taeyong လဲလန့်ပြီးကုတင်ပေါ် ထိုင်ရက် ပြုတ်ကျသွားသည်။ Jaehyun က အပေါ်ပိုင်းအကျီမပါပဲ အောက်ကဘောင်းဘီရှည်တစ်ထည်သာ ဝတ်ထားပြီး Taeyong ဘေးက ကုတင်ကို လက်နှစ်ဖက်လုံးထောက်ထားသည်။

Taeyong - အန်တီရေ ဒီမှာ Jaehyun

Jaehyun - ရှုး တိုးတိုး Omma အိပ်နေပြီ

Taeyong - မင်းဘာလို့ ငါ့အခန်းထဲ ဝင်လာတာလဲ

Jaehyun - ဒါငါ့အိမ်လေ ငါ ကြိုက်တဲ့ အခန်းဝင်မှာပေါ့

Taeyong - ဒါပေမဲ့ အန်တီကငါ့ကို ဒီအခန်းပေးထားတာ ငါ့ခွင့်ပြုချက်ရမှ မင်းဝင်ရမှာပေါ့

Jaehyun - ဘာခွင့်ပြုချက်လဲ? ငါမင်းကို ပြောပြီးသားလေ

Taeyong - မင်းတကယ် လာမယ်လို့ ဘယ်သူကထင်မှာလဲ?

Jaehyun - ဘာပဲ ဖြစ်ဖြစ် ငါအခုမင်းဆီရောက်နေပြီလေ

Taeyong - မင်းရဲ့ Hosook ဆီသွားပါလား ဘာလို့ငါ့ဆီလာတာလဲ

Jaehyun - ငါမင်းကိုပြောပြီးသားလေ ငါတို့ကသူငယ်ချင်းပါဆို ဘာလဲ သဝန်တိုနေတာလား

Jaehyun ပြောလဲပြောအ‌ေရှ့ကိုပိုတိုးလာတာမို့ Taeyong တစ်ယောက် လက်ထောက်ထားရက‌ေန တထောင်ဆစ် ထောင့်ရတော့သည်။

Taeyong - ဒီမှာ မင်းငါ့ကိုအခုလိုတွေလုပ်ခွင့်မရှိဘူးနော်

Jaehyun - ငါမင်း‌ဘေးမှာ ဒီအတိုင်းလေးပဲ အိပ်ချင်တာလေ ရတယ်မလား

Taeyong - မရဘူး

Jaehyun - ငါကတိပေးတယ်လေ ငါမင်းကို ဘာမှမလုပ်ဘူးလို့

Taeyong - ဒါ ဒါဆို အကျီ အရင်ဝတ်

Jaehyun - အကျီဝတ်ရင် ခွင့်ပြုမယ်ပေါ့

Taeyong - အင်း

Jaehyun - ဒီလိုမှပေါ့

Taeyong - ငါ့ဘက်တိုးလာရင် ခေါင်းအုံးနဲ့ဖိသတ်ပစ်မယ်

Restarting Love ( Complete )Where stories live. Discover now