Unicode
" ရားးး ကျောင်းကလဲမဆင်းသေးဘူးလား "
" ဟဲ့အခုမှ ပထမအချိန်ပြီးတာလေ မနေချင်လဲ ကျောင်းတက်မနေနဲ့တော့ ငပျင်းမ"
သူငယ်ချင်း ဟိုဆော့မှ ထပြောလေသည်။
သူပြောလဲပြောချင်စရာ လီယွန်နာ တို့အခုပဲ ကျောင်းချိန် တစ်ဝက်မကျိုးသေး ညည်းနေပြီ။
" ဟိုဆော့ရေ ကျောင်းဆင်းရင် ငါတို့မုန့်သွားစားရအောင် ငါကြက်ကြော်ဆိုင်အသစ်တွေ့ထားတယ် ဟီး"
" နင် ခေါင်းထဲလဲ အစားအကြောင်းပဲ တွေးနေတာလား လီယွန်နာ?"
ထိုအခါ ယွန်နာတစ်ယောက် နဂါးမျက်စောင်းနှင့်ထိုးကြည့်ပေတော့သည်။
" ရား ငါကကိုယ့်သူငယ်ချင်း ကိုချစ်လို့ တူတူသွားစားရအောင်ခေါ်တာကို မစားလဲနေပေါ့"
နှုတ်ခမ်းတထော်ထော်နှင့် စိတ်ဆိုးသွားပြီလေ။
" စတာပါဟ ငါဒီနေ့မအားဘူး hyung တစ်ယောက်ဆီသွားပြီ အသံသွင်းစရာတစ်ခုရှိလို့ "
" တကယ်လား ဟင်းးး အာ့တာဆိုပျင်းစရာကြီးဖြစ်တော့မှာပဲ"
" နောက်နေ့ပေါ့ဟာ"
" ဟဲ့ ဟိုဟာလေ ငါလိုက်ကြည့်လို့မရဘူးလား"
"နင်ကဘာလိုက်လုပ်မှာတုန်း ဟိုမှာယောကျာ်းလေးတွေပဲရှိတာ ပြီးရင် hyung က သူစိမ်းတွေသိပ်ကြိုက်တာမဟုတ်ဘူး"
" ဟာ နင်ကလဲ လုပ်ပါဟာ ငါတကယ်ပျင်းလို့ပါ ပြီးတော့ နင် rapper group တစ်ခု လုပ်နေတာသိပေ့မယ့် နင် rap ရွတ်တာမြင်ဖူးချင်လို့ နော်လို့ "
အတင်း ချွဲရွဲ့ပြီး ပူဆာနေတဲ့ ယွန်နာကိုကြည့်ပြီး ဟိုဆော့တစ်ယောက် နှာခေါင်းရှုံမိသည်။
" အေးပါ အေးပါ လိုက်ခဲ့အာ့ ရုံပတီးသီးလိုချွဲပစ်တဲ့ အသံကြီးနဲ့ မလုပ်စမ်းပါနဲ့ စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ "
အပြောခံလိုက်ရပေ့မယ့်လဲ လိုက်ခဲ့ရတာမို့ ပြုံးပြုံးကြီးသာကြည့်ရင်း
လီယွန်နာနှင့် ဂျောင်ဟိုဆော့သည် ငယ်သူငယ်ချင်း မဟုတ်သော်လဲ ကောလိပ် ပထမနှစ်မှ စသိတာ ယခု final ထိပင်။

DU LIEST GERADE
Your Favorite Ice Americano ( Yoongi X OC )
Fanfictionသူ့ကြိုက်တဲ့ Ice Americano လေး ဝယ်ပေးရင်း စလာတဲ့ အချစ်ဇာတ်လမ်းလေး Yoona : ရော့ ယွန်ဂီ Oppa အတွက် Ice Americano Written in Myanmar Zaw Gyi & Unicode by Tofu Gi Finished in 10 Nov 2021