Unicode
" လိုက်ပို့ပေးတာ ကျေးဇူးပဲ ဟိုဆော့ "
အိမ်ပြန်တော့မည့် သူငယ်ချင်း ယွန်နာ ကို Luggage နဲ့ အိတ်များကူသယ်ပေးရင်း ဟိုဆော့ ခေါင်းသာ ပြန်ညိမ့်ပြလိုက်သည်။
သူအခြေအနေတွေကို နားမလည်နိုင်တော့
တကယ်တော့ သူတို့ နှစ်ယောက်အဆင်ပြေနေပြီထင်ထားတာ ....
သူအနားမရှိခဲ့တဲ့ အချိန်အတွင်း ဘာတွေဘယ်လို ဖြစ်ကုန်လဲ ဟိုဆော့နားမလည်ခဲ့....
" ယွန်နာ ... နင်တကယ်ပြန်တော့မှာလား..."
မယုံနိုင်မေးနေတဲ့ သူငယ်ချင်းဟိုဆော့ကို အတက်နိုင်ဆုံးပြုံးပြလိုက်သည်။
"အခုပဲ လေယာဉ်ကွင်းထဲရောက်ပြီး check in လုပ်တော့မယ် ဟိုဆော့ရယ် နောက်နေတယ်ထင်လို့လား..."
" ယွန်ဂီ Hyung ကို မနှုတ်ဆတ်သွားတော့ဘူးလား ယွန်နာ..."
ယွန်နာ မျက်ဝန်းတွေ အရည်တလဲ့လဲ့ ဖြစ်လာ...
" ငါသူ့သဘောအတိုင်းလုပ်လိုက်ပြီပဲ မပြောတော့ပါဘူး.... "
စိတ်မကောင်းဖြစ်နေတဲ့ သူငယ်ချင်းကို ကြည့်ရင်း ဟိုဆော့ သက်ပြင်းသာချနိုင်သည်။
သူ မကူညီပေးခဲ့သလို ဖြစ်တာကြောင့် အမှားမကင်းဟု တွေးရင်း ဟိုဆော့ စိတ်မကျေအေးနိုင်
"နင်တို့က မဟုတ်သေးပါဘူးဟာ နှစ်ယောက်လုံး စိတ်ခံစားချက်တွေ ရိပ်မိကြရဲ့နဲ့ ဒီလိုတွေ လက်လျှော့လိုက်ကြတော့မလို့လား..."
ဟိုဆော့ စိတ်မရှည်စွာ ပြောလိုက်တော့သည်။
ဟိုဆော့ ယွန်နာ့ကို သိစေချင်တဲ့ အကြောင်းတွေရှိသည်။
သူ့ကို ယွန်ဂီပြောခဲ့တဲ့ အကြောင်းတွေ....
ဒါပေ့မယ့် သူ့အနေနဲ့ ပြောရမယ့် ကိစ္စတွေမဟုတ်တော့ ဟိုဆော့ ဝေခွဲရခက်နေ...
"ငါ ဒီနေရာထိ ရောက်လာပြီးပြီ နောက်ဆံမတင်းနေချင်တော့ဘူး ... mommy လဲ ဟိုမှာ ငါ့ကိုလိုအပ်တယ် ငါဆုံးဖြတ်ပြီးပြီ ဟိုဆော့..."
ဟိုဆော့ သူငယ်ချင်းဖြစ်သူစကားကြောင့် ဘာမှပြန်မပြောတော့...
YOU ARE READING
Your Favorite Ice Americano ( Yoongi X OC )
Fanfictionသူ့ကြိုက်တဲ့ Ice Americano လေး ဝယ်ပေးရင်း စလာတဲ့ အချစ်ဇာတ်လမ်းလေး Yoona : ရော့ ယွန်ဂီ Oppa အတွက် Ice Americano Written in Myanmar Zaw Gyi & Unicode by Tofu Gi Finished in 10 Nov 2021