Unicode
" အာ့တော့ Hyung က ဘယ်လိုစဉ်းစားထားလဲ
ဒါကလဲ မငြင်းသင့်တဲ့ အခွင့်အရေးနော်"သွားနေကြကော်ဖီဆိုင်လေးမှာ သုံးယောက်လုံး
တနေ့က show မှာ ကမ်းလှမ်းလာတဲ့ ကိစ္စကို ခေါင်းဆိုင် ဆွေးနွေးနေကြသည်။"အင်း... ဒီလိုအခွင့်အရေးမျိုးတောင့်တခဲ့ပေ့မယ့်တကယ်ဖြစ်လာတော့ ဘာလုပ်ရမှန်းမသိ စိတ်လှုပ်ရှားနေမိတယ် "
ယွန်ဂီလဲ ကော်ဖီလေး တငုံသောက်ရင်း သက်ပြင်းချကာ ပြန်ဖြေလာသည်။
"စိတ်မလှုပ်ရှားပါနဲ့ Oppa ရယ် ဟိုဆော့ပြောသလိုပဲ ဒါက အခွင့်အရေးပဲလေ oppa ရဲ့ အိမ်မက်တွေ တကယ် ဖြစ်လာအောင်လုပ်လို့ရတော့မှာပဲဟာ ယုံယုံကြည်ကြည် နဲ့ လုပ်ကြည့်လိုက်ပါလားနော် "
စက္ကန့်အနည်းငယ် တိတ်ဆိတ်ပြီး ယွန်ဂီ ခေါင်းညိမ့်လိုက်သည်။
" ကိုယ်သူ့ကို ပြန်ဆက်သွယ်ကြည့်လိုက်မယ်
အခြေအနေဘယ်လိုလဲသိဖို့ တွေ့ပြီးသေချာစကားပြောကြည့်ရမယ် "ယွန်ဂီ ပြောတော့ ဟိုဆော့နဲ့ ယွန်နာက ပြုံးရင်း ကြည့်လာသည်။
"ဝါးးး .... တကယ်ဖြစ်လာပြီပဲ Hyung နာမည်ကြီး producer ကြီးသွားဖြစ်ရင် ကျွန်တော့်ကို မေ့မသွားနဲ့နော် "
ထုံးစံအတိုင်း ဟိုဆော့က ငိုမဲ့မဲ့ မျက်နှာဖြင့် သရုပ်ဆောင်ကာ ပြောတော့ ဘေးကနှစ်ယောက်က သဘောကျစွာရီသည်။
"အရမ်းကြီး တွေလဲမျှော်လင့်မနေပါနဲ့ ဘာမှမသေချာသေးပါဘူးကွာ "
တကယ်တော့ ယွန်ဂီ အရမ်းပျော်ပါတယ်
ဒါပေမယ့် အခြေအနေက ဘာမှန််းမသေချာသေးတာမို့ အရမ်းမျှော်လင့်ထားမိရင် စိတ်ပင်ပန်းစေမှာကြောက်လို့ မမျှော်လင့်ရဲသေး ဖြစ်နေမိတာ...
ခဏ အကြာ ဆွေးနွေးစားသောက်ပြီးတော့ ပြန်ဖို့ဆုံးဖြတ်လိုက်ကြသည်။
"အာ့ဆို ကျွန်တော်တို့ သွားတော့မယ် Hyung ဟိုက အကြောင်းပြန်ရင် ကျွန်တော်တို့ကိုပြောနော် "
အင်းပါ ဟုဆိုကာ ယွန်ဂီ ခေါင်းညိမ့်ပြလိုက်သည်။
"Oppa အခု အဆင်မပြေလဲ သိပ်မတွေးနဲ့နော် oppa က အရည်အချင်းရှိတဲ့သူမို့ နောင် အခွင့်အရေးတွေရောက်လာဦးမှာသိလား "

YOU ARE READING
Your Favorite Ice Americano ( Yoongi X OC )
Fanfictionသူ့ကြိုက်တဲ့ Ice Americano လေး ဝယ်ပေးရင်း စလာတဲ့ အချစ်ဇာတ်လမ်းလေး Yoona : ရော့ ယွန်ဂီ Oppa အတွက် Ice Americano Written in Myanmar Zaw Gyi & Unicode by Tofu Gi Finished in 10 Nov 2021