Unicode
🎶🎶🎶
Wine by SURAN Prod. Min Yoongi
မေ့ဖျောက်လို့မရဘူး...
Have a feel so sweet
ရင်းနှီးလွန်းတဲ့ မင်းရဲ့ ရနံ့လို....ခါးသပ်ပြီး နာကျင်ရလွန်းတယ်...
ဒါပေ့မယ့်လဲ မင်းကို ငါ့နှလုံးသားထဲထည့်ထားမယ်
တကယ်လို့ မင်းထွက်သွားတဲ့အခါ ငါလွှတ်ချပေးလိုက်ပါ့မယ်...အခန်းထဲ Bluetooth က ဖွင့်ထားတဲ့ သီချင်းလေးကို နားထောင်ရင်း သံစဉ်လေးအတိုင်းလိုက်ညည်းနေမိတယ်။
ကိုယ်သိပ်ချစ်ရတဲ့ လူကြီးရဲ့ လက်ရာလေးပေါ့...
အချိန်တွေကုန်သွားတာ ငါးနှစ် ..
သူလဲ သူ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်သွားပြီ။အခုဆို Min Yoongi ဆိုတာ Korea မှာ
နာမည်ကြီး producer တွေထဲကတစ်ယောက်သူထုတ်တဲ့ သီချင်းတိုင်းကလဲ music chart တွေရဲ့ ထိပ်ဆုံးတိုင်းကို နေရာယူထားကာ အရမ်းကိုတော်ပြီး နာမည်ကြီးတဲ့ producer ကြီးပေါ့
ယွန်နာ အရင်လို အနားမှာမရှိပေမယ့်လဲ
အဝေးကနေ သူထုတ်တဲ့ သီချင်းတွေတိုင်း
အမြဲအားပေး နားထောင်နေမိတယ်။တခါကပြောခဲ့တဲ့ အမာခံပရိတ်သတ်ကြီးလေ
ဒါပေ့မယ့် Oppa ကတော့ မှတ်မိပါ့မလား...
ပြတင်းပေါက်လေးကို ငေးရင်း အရင်က အချိန်တွေကိုပြန်တွေးနေမိတုန်းပဲ
နှစ်တွေသာကုန်ဆုံးသွားတယ်
မေ့ဖို့ကြိုးစားခဲ့ပေမယ့် မေ့မရခဲ့ဘူး အကို....
—————————————————
" အာ့တာဆို ဒီ design အတွက် မော်ဒယ်ကရော အဆင်သင့်ဖြစ်ပြီလား "
အစည်းဝေးခန်းထဲ နောင်လာမယ့် project များအကြောင်း ဆွေးနွေးနေခြင်း
"ဟုတ်ကဲ့ပါ Director လီ အကုန်အဆင်သင့်ဖြစ်ပြီး ဒီတစ်ခါတော့ အဆင်ပြေပြေပဲ ပြီးသွားပါတယ် "
"အိုကေလေ ....အာ့ဆို နောက်ထပ် report တင်စရာရှိသေးလား "
အားလုံးဆီက ပြောစရာမရှိတော့တာမို့ ဒီနေ့ meeting ကို အဆုံးသတ်လိုက်သည်။
"ကဲ ဒါဆို ဒီနေ့ meeting ကို ဒီမှာပဲ အဆုံးသတ်တာပေါ့ အားလုံးပဲအလုပ်ကြိုးစားခဲ့ပါတယ် "
YOU ARE READING
Your Favorite Ice Americano ( Yoongi X OC )
Fanfictionသူ့ကြိုက်တဲ့ Ice Americano လေး ဝယ်ပေးရင်း စလာတဲ့ အချစ်ဇာတ်လမ်းလေး Yoona : ရော့ ယွန်ဂီ Oppa အတွက် Ice Americano Written in Myanmar Zaw Gyi & Unicode by Tofu Gi Finished in 10 Nov 2021