6. That Damn Chicken

652 73 11
                                    

Unicode

နေ့ရက်တွေ ကြာလာတော့ လီယွန်နာနဲ့ မင်ယွန်ဂီ အခြေအနေဟာ အရင်ကထက် ပို အဆင်ပြေလာတယ်ပြောလို့ရ​နေပြီ

Studio ကိုလဲ မကြောင်းအရင်း မရှိ လာချင်တဲ့ အချိန်တိုင်း ဝင်ထွက်လို့ရနေပြီ

Hongdae မှာ သွားဖျော်ဖြေရင်လဲ အားပေးဖို့ ထိပ်ဆုံးက အမြဲလိုက်ပါလာသူလေး

အခြေအနေကတော့ Everything is fine ပဲပေါ့

—————————————-
ဒီနေ့မှာတော့...

" Oppa ကလဲ ... ယွန်နာက ဂရုစိုက်ဖို့ပြောနေတာကို ..."

ချစ်ရသူက သူအရမ်းတန်ဖိုးထားတဲ့ သီချင်းတွေနဲ့ ပက်သက်ရင် အရမ်းကို ကြိုးစားပြီး
ခေါင်းမာသည်

ဒီနေ့ ကျောင်းကအပြန် ဟိုဆော့နဲ့ လာဖို့ကို
ဖုန်းဆတ်ပြီးသူနေမကောင်းလို့
မလာခိုင်းပေ့မယ့် ကိုယ့်မှာတော့ မနေနိုင်လို့ စိတ်တွေပူပြီး တစ်ယောက်ထဲအပြေးအလွှား လာခဲ့ရတာ

အခုလဲ ကိုယ်တွေပူပြီးနေမကောင်း လို့ ခေါင်းတွေပါကိုက်နေတာကို မနားဘဲ သီချင်းတွေရေးဖို့ အာရုံစိုက်တုန်း..

" ကိုယ် ဘာမှမဖြစ်ဘူးဆိုကွာ... လာမယ့် ပွဲအမှီဒီ သီချင်းပြီးဖို့လိုလို့ပါ "

" နောက်မှ ရေးလို့ရတာပဲကိုကွာ.. အခု ယွန်နာ ဝယ်လာတဲ့ မုန့်လေးနဲ့ ဆေးလေးသောက်ပြီးတော့ နားလိုက်ပါ့လား နော် .."

အတင်းပြောတော့လဲ သက်ပြင်းသာချပြီး screen ရှေ့မှာထိုင်နေတုန်း...

" Oppa... ယွန်နာ ပြောနေတယ်လေခဏ —.."

"မင်း အာ့လောက်ကြီး ငါ့ကိုဂရုစိုက်စရာမလိုဘူးကွာ....
ကိုယ့်ကိစ္စကိုအာရုံစိုက်ပြီး ပြန်တော့ "

ပထမဆုံးအကြိမ် စိတ်ရှုပ်တဲ့အသံနဲ့ မင်း တွေ ငါတွေပါပြောတော့ ရင်ထဲကအောင့်လာပြီး မျက်ရည်တွေပါဝဲလာ

ကိုယ့်မှာတော့ စိတ်ပူလို့ သူ့အတွက် အမြန်လာခဲ့တာကို...

ဆက်နေနေရင် သူ့ရှေ့မှာ မျက်ရည်တွေက ထိန်းရတော့မှာမဟုတ်လို့ ကိုယ့်အိတ်ကို ယူပြီး
အမြန်ထထွက်လာလိုက်တော့သည်။

Your Favorite Ice Americano ( Yoongi X OC )Donde viven las historias. Descúbrelo ahora