*hallucinate part 1*

5.7K 171 2
                                    

ညဟာ တဖြေးဖြေးနဲ့နက်လာတယ်
ညလေအေးက ရံဖန်ရံခါမှသာ ရောက်လာသလို
လေတိုးလိုက်တိုင်း ပြတင်းတံခါးမှာချိတ်ထားတဲ့
ခေါင်းလောင်းလေးက တချွင်ချွင်မြည်တယ်
မိုးဓာတ်ခံကြောင့် ညဟာ အေးမြပြီး တိတ်ဆိတ်လွန်းနေတယ်
ညနေက ရေချိုးနောက်ကျသွားတာကြောင့်
လူကလည်းချမ်းစိမ့်စိမ့်
အိပ်ရာထက်မှာ စောင်ခြုံပြီး လဲလျောင်းနေခဲ့တယ်
ရုတ်တရက် လေတိုးလိုက်တာကြောင့် ခေါင်းလောင်းလေးက ထမြည်လာတဲ့အခိုက်
ရင်ထဲမှာလည်း စိမ့်အေးသွားခဲ့တယ်
အိမ်မြှောင်တကောင်ရဲ့ အော်ဟစ်သံက
တခုခုကို အချက်ပြနေခဲ့သလို
လေးလံလာတဲ့မျက်ခွံကိုတော့ မတွန်းလှန်နိုင်ခဲ့ဘူး
ဒီလိုနဲ့ အိပ်မောကျသွားခဲ့ပြီး အနံ့တခုကြောင့်
နိုးလာခဲ့ရတယ်
ချိုအီနေတဲ့သွေးရနံ့မှာ နှင်းဆီရနံ့ရောပါနေသလို
လည်ပင်းပေါ်က လက်တဖက်က ဘယ်ကနေရောက်လာတာလဲ
အခန်းထဲမှာ ကျမတယောက်တည်းပဲ ရှိတာလေ
ပြတင်းတံခါးဖွင့်ထားပေမယ့် ဘယ်သူမှဝင်မလာနိုင်ပါဘူး
မဟုတ်မှလွဲရော ကျမတွေးနေမိတဲ့တစုံတခုများလား
နံဘေးမှာ လူတယောက်(လူလို့ပဲသတ်မှတ်ရမလား) ရှိနေသလို ခံစားရပေမယ့် မျက်လုံးတွေကို
မဖွင့်ရဲဘူး
မမြင်သင့်တာတခုခုကိုများ မြင်လိုက်ရရင်
အားနည်းတဲ့နှလုံးက ရပ်သွားနိုင်တယ်
မဟုတ်လား
ဒါပေမယ့်လည်း မသိစိတ်က မြင်ချင်နေမိတယ်
လည်ပင်းပေါ်ကနေ ပါးပြင်ထက်ဆီကို ရွေ့လျားသွားခဲ့တယ်
အထိ‌အတွေ့ကတော့ နူးညံ့သားပဲ
ကျမမှန်းတာ မမှားနိုင်ဘူးဆိုရင် မိန်းကလေးတယောက်ပဲ ဖြစ်ရမယ်
သူက ဘာကြီးပဲဖြစ်နေနေ မိန်းကလေးတယောက်ဆိုမှတော့ ကျမသိပ်ပြီး မကြောက်သင့်ဘူး
ဒါပေမယ့်လည်း
ကြောက်စိတ်က မသိမသာလွန်ကဲနေတော့
မျက်လုံးတွေက ဖွင့်မရခဲ့ဘူး

"နိုးနေရင်လည်း မျက်လုံးဖွင့်ကြည့်ပါဦး
ကိုယ်က ရုပ်မဆိုးပါဘူး"

ဘုရားရေ
လူတယောက်လိုပဲ စကားပြောတယ်လား
အသံကလည်း ရှတတနဲ့ ချိုမြနေလိုက်တာ
ကျမ မျက်လုံးကို အသာအယာဖွင့်ကြည့်တော့
ပထမဆုံးမြင်တွေ့လိုက်ရတာက
နီရဲနေတဲ့မျက်ဝန်းတစုံ
ထိတ်လန့်မှုနဲ့ တခဏတော့ အသက်ရှုဖို့
မေ့သွားခဲ့တယ်
မျက်တောင်မခတ်ပဲ စိုက်ကြည့်နေရင်း
ကျမစိတ်တွေက ဗလာဖြစ်သွားတယ်
မျက်ဝန်းကနေ ရွှေ့လိုက်တော့ သွယ်နေတဲ့နှာတံ
အနီရောင်သန်းနေတဲ့ ခပ်ထူထူနှုတ်ခမ်းတစုံ
အပေါ်နှုတ်ခမ်းကတော့ အနည်းငယ်ပါးတယ်
မျက်ဝန်းဆီကို ပြန်ရွှေ့ကြည့်တော့ သူမက
ပြုံးပြတယ်
ပြုံးလိုက်တော့ မျက်ဝန်းတွေက လခြမ်းကွေးလေးလို ဖြစ်သွားပြီး နှစ်လိုဖွယ်ပါပဲ
ကျမပါးပြင်ပေါ်မှာတော့ သူမရဲ့လက်က ခပ်ဖွဖွ
ထိတွေ့ထားနေဆဲ
ကြည်လင်လွန်းတဲ့သူမအသားအရေကြောင့် လည်တိုင်က သွေးကြောလေးကိုပါ ဖောက်ပြီး
မြင်နေရတယ်
ကျမ သူမလည်တိုင်ဆီ တိုးသွားလိုက်တယ်
နေပါဦး ကျမ ဘာလုပ်မယ် စိတ်ကူးနေတာလဲ
ရုတ်တရက်လွတ်သွားတဲ့စိတ်ကို ပြန်ထိန်းချုပ်ပြီး
ကျမနောက်ကို ဆုတ်လိုက်တယ်

*hallucinate*(complete)Where stories live. Discover now