*hallucinate part 4*

1.6K 109 0
                                    

ကျမ သူမရင်ခွင်ထဲမှာနေရခြင်းကို နှစ်သက်တတ်ခဲ့ပြီ
လူ‌တယောက်ရဲ့ရင်ခွင်က ပျော်ရွှင်အေးချမ်းမှုတွေ‌ကိုပေးတဲ့ နေရာတခုဆိုတာ ကျမ နားမလည်တတ်ခဲ့ဘူး
အချစ်မှာ နောက်ကျတယ်ဆိုတာ မရှိပါဘူး
ရောက်လာချိန်မှာ ပွေ့ဖက်တတ်ဖို့ ကြည်လင်တဲ့
နှလုံးသားတခုပဲလိုတာ
နာကျင်မှုတွေကြောင့် နှလုံးသားကိုတော့ ပိတ်လှောင်မထားသင့်ဘူး
တစုံတယောက်ကတော့ ကျမတို့ရှိရာဆီ
လှမ်းလာမယ်မဟုတ်လား
ကျမအတွက်တော့ အဲ့ဒီတစုံတယောက်က
သူမပါပဲ
အတိတ်ဘဝဆိုတာကို ကျမမမှတ်မိပေမယ့်
ကျမရဲ့နှလုံးသားက သူမက ကျမအတွက်
soulmate ပါဆိုပြီး ယုံကြည်နေခဲ့တယ်
သူမကို ကြည့်မိတိုင်း နှလုံးသားတခုလုံးက
လှိုက်ဖြာပြီး ပျော်ရွှင်ခြင်းက သွေးကြောတွေထဲမှာ စီးဝင်လာတယ်

"ရှင်တို့အိမ်က ဘယ်မှာလဲဟင်"
"violet ကိုယ့်နာမည်"
"ဗိုင်းယဲ့လက် အဲ့လိုမဟုတ်လားဟင်"
"ဟုတ်တယ်ကလေးရဲ့ ဗိုင်အိုလက်လို့ပြောနေတာ မှားတယ်လေ"
"ဗိုင်းလို့ခေါ်မယ်လေ တမျိုးတော့ဖြစ်နေလား"
"မဖြစ်ပါဘူး ကိုယ်ချစ်တဲ့သူရဲ့နှုတ်ဖျားက ထွက်တဲ့စကားသံတိုင်းက နားဝင်ချိုနေတာမျိုးလေ"

သူမပြုံးရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့
eye smile လေးကို ကျမ တအားသဘောကျတာ
သူမရဲ့ charm တခု
ကျမ သူမဆီမှာကျရှုံးစေဖို့ အကြောင်းပြချက်တခု

"ကိုယ်တို့အိမ်က တောနက်ထဲမှာ ကလေးရဲ့"
"ရောက်ဖူးချင်တယ်"
"ကိုယ်ခေါ်သွားပေးမှာပေါ့ ကလေးမလိုက်ချင်ဘူး
ထင်နေခဲ့တာ"
"ဘယ်လိုသွားကြမလဲဟင်"
"ကိုယ့်ကို တင်းတင်းဖက်ထားပါ"

သူမရဲ့ရင်ခွင်ထဲမှာ ကျမကို ပွေ့ဖက်ထားလိုက်တယ်
ခဏကြာတော့ ကျမတို့နှစ်ယောက်က လေထုထဲမှာ ရောက်နေခဲ့ပြီ
ပျံသန်းမှုတိုင်းက လေထုကို လိုအပ်တယ်မဟုတ်လား
တိမ်တွေထဲမှာ လေဟုန်စီးရင်း ပျံသန်းနေခဲ့တာပဲ
ကျမရဲ့အပြုံးတွေကို ခံစားမိလို့ထင်ပါရဲ့

"ကလေး သဘောကျတယ်လား"
"အွန်း အရမ်းကိုပဲ"

အချိန်တခုကြာပြီးတဲ့နောက်မှာ တောနက်ထဲကို
ရောက်နေခဲ့ပြီ
မနက်ခင်းရဲ့အလင်းကတော့ မပီပြင်သေးပေမယ့်
လခြမ်းလေးရဲ့အလင်းနဲ့ သဲကွဲစွာ မြင်နေရတယ်
အရမ်းကြီးမသေးတဲ့ ခပ်ငယ်ငယ် အိမ်တလုံး
ရှေ့မှာက ဝရံတာလေးနဲ့
အိမ်ပတ်ဝန်းကျင်မှာက ပန်းပင်ငယ်လေးတွေပဲ
ရှိတယ်
သစ်ပင်ကြီးတွေကတော့ ခပ်လှမ်းလှမ်းမှာ
ရေကျသံတွေ ကြားနေရတော့ စမ်းချောင်းငယ်လေးလည်း ရှိမယ်ထင်တယ်

*hallucinate*(complete)Tempat cerita menjadi hidup. Temukan sekarang