*hallucinate part 7*

1.1K 85 4
                                    

ကျမနားထဲမှာ ရေကျသံသဲ့သဲ့ကို ကြားနေရတယ်
မျက်နှာနားဆီတိုက်ခတ်လာတဲ့လေထုက
အေးစက်စက်နဲ့
ရေအောက်လှိုင်ဂူတခုများလား
ကျောပြင်အောက်က နူးညံ့လွန်းတဲ့အထိအတွေ့က အိပ်ရာတခုပဲထင်ပါရဲ့
ရေညှိနံ့ရောနေတဲ့ ပန်းရနံ့
အဲ့ဒီရနံ့ကို ကျမ ရင်းရင်းနှီးနှီးသိနေခဲ့ပါတယ်

"မမ luna ရဲ့အခြေအနေက စိုးရိမ်ရလား"
"မစိုးရိမ်ရပါဘူး nari ရဲ့"
"ဒါဆို ဘာလို့ အခုချိန်ထိနိုးမလာသေးတာလဲ
ကြာနေပြီလေ"
"luna က လူသားခန္ဓာကိုယ်ဆိုတော့ healer တယောက်ရဲ့အစွမ်းတွေကို လက်ခံဖို့အတွက်က
လိုက်လျောညီထွေဖြစ်ဖို့ အချိန်ယူရမယ်လေ
ပြီးတော့ luna က အတိတ်ကို မမှတ်မိဘူးဆိုတော့ ညီမလေးဘာဆက်လုပ်မလဲ"
"ညီမလေးတို့ရဲ့ အတ္တတွေကြောင့်ပဲ တခါဆုံးရှုံးခဲ့ရပြီ ဒီတခါတော့ luna လေးရဲ့ပျော်ရွှင်မှုကို
ဦးစားပေးတော့မယ် ညီမအနေနဲ့ သူ့ကိုပျော်ရွှင်ဖို့
လုပ်မပေးနိုင်ရင်တောင် တခြားသူကြောင့်ပျော်ရွှင်နေရင်လည်း ကျေနပ်ပါတယ်"
"violet ကို အရှုံးပေးတော့မလို့လား
ဒါမှမဟုတ် luna က အခုချိန်မှာ လူသားဖြစ်နေလို့
အရင်လို မချစ်တော့ဘူးလား"
"ညီမသာ လူသားကမ္ဘာကို သွားလို့ရရင် violet ထက်အရင် luna လေးကို တွေ့အောင်ရှာခဲ့မှာ
သူ့နှလုံးသားကို အရင်သိမ်းပိုက်နိုင်အောင် ကြိုးစားမှာ အခုကျတော့ သူ့မှာ violet ရှိနေခဲ့ပြီလေ ငေးကြည့်နေရုံကလွဲရင် ညီမလေးဘာတတ်နိုင်တော့မှာလဲ"
"အားတင်းထားပါ ညီမလေးရဲ့ လေးနက်တဲ့အချစ်တခုက အလဟဿဖြစ်ပြီးတော့ ပျောက်ဆုံးမသွားပါဘူး"
"luna လေးကို အဝတ်လဲပေးမှပဲ သူမေ့နေတာလည်း 3 ရက်တောင်ရှိပြီ သတိရလာပါတော့ ကလေးရဲ့ ကိုယ့်ကိုမမှတ်မိရင်တောင်
ကလေးရှင်သန်နေရင်ပဲ ကျေနပ်ပါတယ်"

nari ဟုတ်တာပေါ့
အရင်ဘဝက ကျမရဲ့ဒုတိယချစ်သူ
luna ဆိုတာက ကျမရဲ့အရင်ဘဝက နာမည်
ငယ်သေးတဲ့အရွယ်မှာတုန်းက violet က
ကျမရဲ့ first love
ပထမဆုံး girlfriend လို့ပဲပြောရမလား
အချစ်ရယ်လို့ သိပ်ပြီးဝေခွဲမရနိုင်တဲ့ခံစားချက်မျိုး
ကျမအနားမှာ အမြဲရှိပြီး နားလည်ပေးတတ်လွန်းတဲ့ violet က ကျမအတွက် အမတယောက်လို
နွေးထွေးမှုကိုပေးခဲ့တယ်
ကျမအပေါ်မှာ နားလည်လိုက်လျောပေးတတ်လွန်းတဲ့ violet ရဲ့အပြုအမူတွေမှာ ကျမပြိုလဲမိတာ သိပ်တော့မဆန်းဘူးမလား
nari ကိုကျတော့ violet ကိုအဖြေပေးပြီးချိန်မှာ
တွေ့ခဲ့ရတာ
ကျမတို့တွေကို နယ်မြေပိုင်းခြားထားပြီးတော့
စည်းမကျော်ဖို့ တားမြစ်ထားခဲ့ကြတယ်
အဲ့နေ့က violet နဲ့ ကျမ တောထဲမှာ လျှောက်သွားနေရင်းနဲ့ သတိမထားမိပဲ sirens တွေရဲ့နယ်မြေထဲကို ရောက်သွားခဲ့တယ်
sirens တွေက ကျမတို့နှစ်ယောက်ကို ရန်ပြုလာတဲ့အခါမှာ သူမက ကြားဝင်ပြီး ကျမတို့ကိုကာကွယ်ပေးခဲ့တာ
သူမ(nari)က sirens တွေရဲ့မင်းသမီးတပါးဖြစ်ပြီးတော့ violet က vampires တွေရဲ့မင်းသမီးတပါး
မင်းသမီးနှစ်ယောက်က ငယ်ငယ်ထဲက
သိပ်မတည့်ကြဘူးတဲ့
ကျမ မသိခဲ့တာတခုက nari က ကျမကို ငယ်ငယ်ကတည်းက ရင်းနှီးနေခဲ့တာကိုပဲ
ကျမရဲ့အဖိုး healer က သူမအဖေကို ကုသပေးခဲ့တုန်းက ကျမတို့တွေ ဆုံတွေ့ခဲ့ကြဖူးတယ်
nari ရဲ့အဖေကို ထိခိုက်စေခဲ့တာက violet ရဲ့အဖေ
လူကြီးတွေရဲ့ ပဋိပက္ခတွေကြားမှာ လူငယ်တွေကပါ ရောယောင်ရှုပ်ထွေးလို့
ငယ်ငယ်ကတည်းက nari က ကျမကို တိတ်တဆိတ်ငေးကြည့်နေခဲ့တာတဲ့
ကျမက မျက်နှာများတယ်မလား
ဒါမှမဟုတ် ကျမရဲ့နှလုံးသားနယ်မြေက ကျယ်ဝန်းလို့များလား
violet နဲ့ ချစ်သူဖြစ်နေဆဲမှာပဲ nari ကို
ချစ်မိသွားပြန်တယ်
လူတချို့က ပြောကြတယ်
ရွေးချယ်ရမယ်ဆိုရင် ဒုတိယလူကိုပဲ ရွေးချယ်ပါတဲ့
ပထမလူကိုသာ တကယ်ချစ်ရင် ဒုတိယလူဆိုတာ
ပေါ်လာစရာအကြောင်း မရှိဘူးတဲ့
ကျမအတွက်တော့ violet က နှင်းဆီပန်းနဲ့တူပြီး
nari က forget_me_not ပန်းလေးနဲ့တူတယ်
နှင်းဆီရနံ့တွေက ကျမကိုခြုံလွှမ်းထားတာတောင် forget_me_not ပန်းလေးကို အမြဲသတိရနေသလိုမျိုး
violet အတွက် မတရားမှန်း ကျမသိနေပေမယ့်
nari ကို မချစ်ဖို့ ကျမနှလုံးသားက ထိန်းချုပ်မရနိုင်ခဲ့ဘူး
ကျမရဲ့မပြတ်သားမှုက နယ်မြေနှစ်ခုစစ်ဖြစ်ဖို့
အကြောင်းရင်းတခုမို့ ကျမဘဝကို အဆုံးသတ်ဖို့
ရွေးချယ်ခဲ့တယ်
အဆုံးသတ်မှာတောင် ကျမက လူနှစ်ယောက် နာကျင်မှုတွေနဲ့ကျန်ရစ်ဖို့ ရွေးချယ်ခဲ့ပြန်တယ်
အခုဘဝမှာရော ကျမဘာလုပ်သင့်လဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
nari က ကျမကို ထူပွေ့လိုက်ပြီး ကျမရဲ့အင်္ကျီကို ဖြေးဖြေးချင်းချွတ်လိုက်တယ်
သူမရဲ့နူးညံ့တဲ့လက်တစုံက ကျမခန္ဓာကိုယ်နဲ့ ထိတွေ့လိုက်တိုင်းမှာ နှလုံးသားက ထိန်းမရစွာခုန်တယ်
ကျမ အရာရာကိုခံစားသိနိုင်ပေမယ့် သတိမရသေးတဲ့အခြေအနေက ဘယ်လိုကြီးလဲ
စကားပြောဖို့ကြိုးစားပေမယ့် နှုတ်ခမ်းတွေက လှုပ်ရှားမရခဲ့ဘူး
ကျမရဲ့ခန္ဓာကိုယ်ကလည်း သက်ဝင်လှုပ်ရှားမှုကင်းမဲ့လို့
အသိစိတ်တခုပဲ နိုးလာတာလား
ဒါဘယ်လိုဝဋ်ကြွေးပါလဲ
ကျမကို အင်္ကျီပြန်ဝတ်ပေးပြီး
nari ရဲ့အသက်ရှုသံငွေ့ငွေ့က ကျမပခုံးကို ထိတွေ့လာတာကိုလည်း ခံစားလို့ရတယ်
ပြီးတော့ နူးညံ့လွန်းတဲ့သူမရဲ့နှုတ်ခမ်း
ကျမရဲ့ပခုံးထက်ကနေ လည်တိုင်ဆီထိ ခပ်ဖွဖွပွတ်ဆွဲလာမှုကိုရော
လည်တိုင်မှာ အကြာကြီးဖိကပ်ထားတဲ့ နူးညံ့ခြင်းကိုရော
ကျမတကိုယ်လုံးမှာ သွေးတွေက ဆူပွက်လာသလို
ကျမနှလုံးသားလည်း ပေါက်ကွဲထွက်တော့မယ်
nari က ကျမကို အိပ်ရာပေါ်မှာ ပြန်လဲချလိုက်တယ်
သူမရဲ့ထွက်လေနွေးနွေးကတော့ ကျမမျက်နှာနားမှာ ရစ်ဝဲနေတုန်းပဲ
ပြီးတော့ ဖြေးဖြေးချင်းထိတွေ့လာတဲ့ နှုတ်ခမ်းတစုံ
ကျမရဲ့နှုတ်ခမ်းထက်မှာ ကခုန်လို့

*hallucinate*(complete)Onde histórias criam vida. Descubra agora