*hallucinate ending*

2K 94 16
                                    

လူတချို့ကပြောတယ်
ရွေးချယ်မှုကြုံလာခဲ့ရင် ကိုယ်ကချစ်တဲ့သူထက်
သူကချစ်တဲ့အချစ်တခုကို ရွေးချယ်ပါတဲ့
တချို့ကတော့ ကိုယ့်ကို ပျော်ရွှင်စေတဲ့သူထက်
ကိုယ်က ပျော်ရွှင်စေချင်တဲ့သူကို ရွေးချယ်ပါတဲ့
အမြဲနှလုံးသားနောက်ကိုပဲ လိုက်ခဲ့မိတဲ့
ကျမအတွက်ရော
အချစ်က ဘယ်လိုမျိုးလဲ
ကျမ သူတို့နှစ်ယောက်လုံးကို ပျော်ရွှင်စေချင်ခဲ့တယ်
လူနှစ်ယောက်လုံးကို တပြိုင်တည်းရွေးချယ်လို့ရရင်ကောင်းမယ်
ဒါပေမယ့် အဲ့တာက မဖြစ်သင့်ဘူး
ကျမတို့တွေ အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်လို့
ရချင်ရမယ်
နှလုံးသားကို လူနှစ်ယောက်ကို ခြမ်းပေးဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး
အဆုံးမှာ နာကျင်မှုတွေသာ မဖိတ်ခေါ်ပဲ
ရောက်လာကြမှာ
အခုဆို violet လည်း ဒဏ်ရာတွေ သက်သာလာခဲ့ပြီ
ကျမနှလုံးသားမှာလည်း အဖြေတခုတော့
ရှိနေသင့်တယ်မဟုတ်လား
အခုအခြေအနေက violet နဲ့ ကျမ အိမ်ရှေ့ဝရံတာမှာ ထိုင်ပြီး ကြယ်တွေကို ငေးကြည့်နေခဲ့ကြတယ်
ဘေးတစောင်းမြင်နေရတဲ့ သူမမျက်နှာကောက်ကြောင်းက သိပ်လှတယ်
သူမရဲ့အလှက တည်ငြိမ်တယ်
သူမရဲ့စိတ်ကရော တည်ငြိမ်နေပါရဲ့လား
လည်ပင်းက သွေးကြောလေးရဲ့ မြန်ဆန်တဲ့လှုပ်ရှားမှုက သူမရဲ့ စိတ်အခြေအနေကို ဖော်ပြနေခဲ့သလို
သူမက အတင်းတည်ငြိမ်ဖို့ ကြိုးစားနေခဲ့တာပဲ

"ဗိုင်း"

ကျမခေါ်လိုက်တော့ သူမက ကျမဘက်ကို
လှည့်ကြည့်လာတယ်
သူမရဲ့မျက်နှာထက်မှာ အပြုံးတခုနဲ့
ခွင့်လွှတ်တဲ့အပြုံးလား ဖြစ်လာသမျှကျေနပ်စွာ
ခံယူမယ့်အပြုံးလား
ကျမ ဒီအတိုင်းပဲ ငေးနေမိခဲ့တော့

"ပြောလေ"
"တကယ်လို့လေ ဗိုင်းကို မရွေးချယ်ခဲ့ဘူးဆိုရင်
နောက်ထပ်တွေ့ဆုံခွင့်တွေရှိနိုင်မလား"
"တွေ့ဆုံမှုတွေ မရှိနိုင်တော့ဘူးဆိုရင် ကိုယ့်ကို
ရွေးချယ်မလား"

ကျမ ဘာပြောရမလဲ ဘာမှမပြောနိုင်တာဆို
ပိုမှန်မယ်
သူမကို တကယ်မနာကျင်စေချင်ခဲ့တာပါ
မျက်ရည်တွေရစ်ဝဲလာတဲ့ သူမမျက်ဝန်းကို
ကျမ မကြည့်ရက်ခဲ့ဘူး

"ခေါင်းမော့ပါဦး ကိုယ်ကအဆင်ပြေပါတယ်
ပြီးတော့ နားလည်တယ် ကိုယ်တို့နှစ်‌ယောက်က
အရင်းနှီးဆုံးလူတွေအဖြစ် ဆက်ရှိနေဦးမှာ"

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 10, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

*hallucinate*(complete)Donde viven las historias. Descúbrelo ahora