*hallucinate part 5*

1.4K 95 0
                                    

တောကနက်လွန်းတော့ နေရောင်က တိုးမပေါက်နိုင်ခဲ့ဘူး
ဒီဘက်ဒေသမှာ နေက သိပ်မပြင်းသလိုပါပဲ
အပူဒဏ်ကိုလည်း သိပ်ပြီးမခံစားရဘူး
မိုးသောက်အလင်းရောက်တော့ လင်းလင်းချင်းချင်း မြင်ရတဲ့ပတ်ဝန်းကျင်က သိပ်လှတာ
အိမ်ဘေးပတ်လည်မှာ အရောင်စုံတဲ့ပန်းပင်ငယ်တွေက အပွင့်အဖူးတွေဝေလို့
မိုးရာသီဆိုတော့ သစ်တောတခုလုံးကို အစိမ်းရောင်‌တွေနဲ့ လွှမ်းခြုံနေခဲ့တာ
ခပ်လှမ်းလှမ်းက တောင်တန်းမှာလည်း တောင်ခိုးတွေကဝေပြီး ညို့မှိုင်းမှိုင်းနဲ့
စမ်းချောင်းလေးအထက်နားမှာက ရေတံခွန်ငယ်
ကြည်လင်လွန်းတဲ့ရေတွေကြောင့် ရေထဲက
ရွှေရောင်ငါးလေးတွေကိုပါ မြင်နေရတယ်
ပွင့်ကြွေတချို့နဲ့ ရွက်ဝါတွေက ရေစီးနဲ့အတူ
လွင့်မျောနေကြတယ်
ကျမလား
အခု ဗိုင်းရဲ့လက်ကိုဆုပ်ကိုင်ပြီး သစ်တောထဲမှာ လမ်းလျှောက်နေခဲ့တာ
သူမရဲ့အပြုံးတွေကြောင့်ပဲ ကျမစိတ်ကလည်း
အေးချမ်းပျော်ရွှင်နေခဲ့တယ်
သူမက ကျမမမြင်ဖူးခဲ့တဲ့ သစ်ပင်တွေရဲ့အကြောင်းကို စိတ်ရှည်ရှည်နဲ့ ပြောပြနေခဲ့တယ်
သူမရဲ့လက်ဖဝါးနုနုကို ခပ်ဖွဖွဆုပ်ကိုင်ရင်း
သူမရဲ့နူးညံ့တဲ့စကားသံတွေကို နားထောင်ရင်း
‌ကျမမျက်ဝန်းရှေ့က ကျောပြင်ငယ်ကို
မြတ်နိုးစွာ ငေးကြည့်ရင်းနဲ့

"vampire ရှိတယ်ဆိုတော့ တခြား creatures တွေလည်း ရှိနိုင်တာပေါ့နော်"

ကျမ အမေးစကားကြောင့် သူမက ရုတ်တရက်ရပ်လိုက်ပြီး ကျမဘက်ကို လှည့်လာခဲ့တယ်
ကျမကတော့ ကိုယ့်ခြေလှမ်းကိုယ် အရှိန်မထိန်းနိုင်ပဲ သူမရင်ခွင်ထဲကို အလဲလဲပြိုကျ
သူမက အလျင်အမြန်ပဲ ကျမရဲ့ပခုံးကိုထိန်းကိုင်လိုက်ပြီး ပွေ့ဖက်ထားခဲ့တယ်လေ
ကျမရဲ့နဖူးပြင်ထက်မှာ သူမရဲ့နှုတ်ခမ်းကိုလည်း
ခပ်ဖွဖွထိတွေ့ထားပြန်တယ်
ကျမ မော့ကြည့်လိုက်တော့ သူမရဲ့နှုတ်ခမ်းပါးက
ကျမရဲ့နှုတ်ခမ်းထက်ဆီ ရွေ့လျားလာခဲ့တယ်
ချိုလွန်းတယ် ပြီးတော့ နူးညံ့တယ်
အခုလိုနွေးထွေးမှုမျိုးကို မရပ်တန့်ချင်ခဲ့ဘူး

"ကိုယ်တို့ လျှောက်လာခဲ့တာ
တောနက်ထဲကိုတောင် အတော်ရောက်လာပြီ
မနက်စာစားဖို့ အိမ်ပြန်ကြစို့"

*hallucinate*(complete)Where stories live. Discover now