[Zawgyi]
"အစကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပြီးသားပါ။ ဒါပေမယ့် ဘာလို့ဒီလောက် နာကျင်နေရတာလဲ"
ရှောင်းကျန့် ခေါင်းငုံ့လိုက်ပြီးတွေးနေမိတယ်။
သူ အခုဘာဆက်လုပ်ရမလဲ။ သူ အမုန်းတွေနဲ့ နာကျင်မှုတွေကို ရှောင်ရှားဖို့၊ အရာရာအဆင်ပြေသွားတဲ့အထိ အချိန်ခဏလောက်အနားယူဖို့ ဒီကိုရောက်လာခဲ့တယ်။ ဒါပေမယ့် ဘယ်သူကထင်မှာလဲ။ ဒီမှာ သူ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံး
အချစ်စစ်ကို တွေ့လိမ့်မယ်လို့။ရိပေါ်ကို ထားခဲ့ရတာက သူ့ရဲ့ နှလုံးသား၊
အသက်၊ ဘဝ ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းကို ဆုံးရှုံးလိုက်ရတာနဲ့တူတယ်။ ဒါပေမယ့် သူ့ရဲ့အောင်မြင်မှုတွေကိုရော ဘယ်လိုလုပ်ရမလဲ။ သူ ဒီအခြေအနေရောက်အောင် အရာအားလုံး လုပ်ခဲ့ရတယ်။ သူ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီးမှ ဒီအောင်မြင်မှုကို ရခဲ့တာ။ သူ့ရဲ့ fan တွေကလည်း သူပြန်လာမှာကိုစောင့်နေကြတယ်။ သူ့ရဲ့မိဘတွေကလည်း သူတို့ရဲ့မျက်ရည်တွေကိုဖုန်းကွယ်ပြီး သူ့ကို ထောက်ခံအားပေးခဲ့တယ်။ သူအခု ဘာလုပ်ရမလဲ။"ကျန့်ကော မရှိဘဲနဲ့လည်း ကျွန်တော်နေနိုင်ပါတယ်။"
ရိပေါ်ရဲ့အသံက အရမ်းတိုးလွန်းတယ်ဆိုပေမယ့် အဲ့အသံထဲမှာ အင်အားတစ်ခုရှိနေတယ်။
ရှောင်းကျန့် ရိပေါ်ကို ကြည့်လိုက်တယ်။ ရိပေါ်ရဲ့မှိတ်ထားတဲ့မျက်ဝန်းကနေ မျက်ရည်တွေ စီးကျလာတာကို မြင်ရတဲ့အခါ ရှောင်းကျန့်
သူ့ရဲ့နှလုံးသားက အစိတ်စိတ်ကွဲကြေသွားသလို ခံစားလိုက်ရတယ်။"အစ်ကို နောင်တမရဘဲ ထွက်သွားနိုင်ဖို့ ပြောပေးနေတာလား။ ရိပေါ် နာကျင်နေတာကို အစ်ကို မကြည့်နိုင်ဘူး"
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
💦COME WITH ME💦[ Completed ](Myanmar Translation)
Fanfictionအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်တစ်ယောက် မကောင်းသတင်းတွေနဲ့ အမုန်းတရားတွေကနေ လွတ်မြောက်ဖို့ ရွာလေးတစ်ရွာကို ထွက်လာခဲ့ချိန်မှာ ပုဂ္ဂိုလ်ရေးအရ နွေးထွေးပြီး လွတ်လပ်တဲ့ Wang Yibo ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ချိန်မှာ.... သူတို့နှစ်ယောက်...