ကျွန်တော် ရိပေါ်ပါ(ကျွန်တော် ရိပေါ်ပါ)

374 37 0
                                    


[Zawgyi]

ရှောင်းကျန့် လှုပ်ရှားမှုမရှိဘဲ တံခါးနားမှာမက်တပ်ရပ်နေမိတယ်။ သူ မယုံနိုင်သေးဘူး။ လူငယ်လေးက ဆိုဖာပေါ်မှာထိုင်နေတယ်။ အဲ့ဒါက တကယ်ကိုသူ့ရဲ့တစ်ဦးတည်းသောချစ်ရသူ ရိပေါ်ပဲ။ သူ လှုပ်ရှားလိုက်ရမှာကိုကြောက်နေမိတယ်။ မျက်တောင်ခတ်လိုက်ရင်တောင် ရိပေါ်က သူ့ရဲ့အိပ်မက်ထဲကလိုထပ်ပြီးပျောက်ကွယ်သွားမှာကို စိုးရိမ်နေမိတယ်။

"ကျွန်တော်ပါ။ ကျန့်ကော အိပ်မက်မက်နေတာမဟုတ်ပါဘူး။ ကျွန်တော့်ဆီကိုလာပြီး ဖက်ထားပေးပါဦး"
ရိပေါ်ရဲ့အသံက အရမ်းကိုနူးညံ့နေတယ်။

ရိပေါ် ထ,ရပ်လိုက်ပြီးရှောင်းကျန့်အတွက် လက်မောင်းကိုဖွင့်ထားပြီး စောင့်နေလိုက်တယ်။

ရိပေါ် ထ,ရပ်လိုက်ပြီးရှောင်းကျန့်အတွက် လက်မောင်းကိုဖွင့်ထားပြီး စောင့်နေလိုက်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ရိပေါ်"

ရှောင်းကျန့် အော်ခေါ်လိုက်ပြီး ရိပေါ်ရဲ့ပွေ့ဖက်မှုကိုခံယူဖို့ ပြေးသွားလိုက်တယ်။ ရိပေါ်နဲ့သူ နီးကပ်နေတယ်လို့ခံစားနိုင်ဖို့ သူ့မှာရှိတဲ့အားအကုန်သုံးပြီး ရိပေါ်ရဲ့လည်ပင်းကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်တယ်။ ဒါ တကယ် ရိပေါ်ပဲ။ အခု ရှောင်းကျန့် သေချာသွားပြီ။ ရိပေါ်ရဲ့ကိုယ်ကလာတဲ့ နွေးထွေးမှု၊ အဲ့နွေးထွေးမှုက ရှောင်းကျန့်အတွက်ပဲဖြစ်တည်နေတာ။

"အစ်ကို ရိပေါ်ကိုလွမ်းနေတာ။ ရူးလောက်အောင်ကို လွမ်းနေတာ"

ရှောင်းကျန့် ရှိုက်ငိုနေရင်းနဲ့တိုးတိုးလေးပြောလိုက်တယ်။ ငိုနေမိတာကို သူ့ကိုယ်သူလည်းမရပ်တန့်နိုင်ဘူး။

"အစ်ကို့ရဲ့အဖိုးတန်လေး၊ အစ်ကို့ရဲ့ကောင်လေး...အစ်ကို့ကို ခွင့်လွှတ်ပေးပါ။ ရိပေါ်ကို တစ်ယောက်တည်းထားခဲ့တဲ့အတွက် မိုက်မဲတဲ့အစ်ကို့ကိုခွင့်လွှတ်ပေးပါ။ အစ်ကို ရိပေါ်ကိုချစ်တယ်။ ရိပေါ်ကို အရမ်းချစ်တယ်"

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now