[Zawgyi]
...3 နှစ်ကြာပြီးနောက်...
"ဒီနှစ်ရဲ့အကောင်းဆုံးသရုပ်ဆောင် ရှောင်းကျန့်ကို ကြိုဆိုလိုက်ရအောင်...။ ဒီနေရာမှာ ရှောင်းကျန့်ကို တွေ့ရတာ ကောင်းလိုက်တာ။ TV show တွေမှာ တွေ့ဆုံမေးမြန်းတာကို ဖြေဆိုဖို့လက်ခံတာ ဒီတစ်ခါက ပထမဆုံးအကြိမ်လို့ သိရပါတယ်"
"ဟုတ်ပါတယ်။ မှန်ပါတယ်.."
ရှောင်းကျန့် ပြုံးလိုက်ပြီး ပရိသတ်တွေကို နှုတ်ဆက်လိုက်တယ်။
"သတင်းအမှားတွေကို နားထောင်နေရတာ
ထက် ကျွန်တော့်အကြောင်းကို ကျွန်တော်ကိုယ်တိုင် ပြောတာကပိုကောင်းမယ်လို့ တွေးမိလို့ပါ""ပထမဆုံးအနေနဲ့ တရုတ်ပြည်ရဲ့အကောင်းဆုံးသရုပ်ဆောင်ဖြစ်လာလို့ ဂုဏ်ယူပါတယ်နော်။ ဒီဟာနဲ့ပတ်သက်လို့ ဘယ်လိုခံစားရပါသလဲ?"
"ကျွန်တော် မကြာခဏပြောဖူးပါတယ်။ ကျော်ကြားမှုနဲ့ ဆုတွေက ကျွန်တော့်ရဲ့ရည်ရွယ်ချက်
မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့
ကျွန်တော်ပျော်တယ်။ သရုပ်ဆောင်ရတာကို
ကျွန်တော် ချစ်တယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော့်ရဲ့
နှလုံးသားတစ်ခုလုံးနဲ့ထပ်တူ တန်ဖိုးထားတယ်။ ကျွန်တော်က မှန်ကန်တဲ့နှလုံးသားနဲ့ စိတ်ခံစားမှုကို ပေးစွမ်းတယ်ဆိုပြီးပြောတာတွေကို
လက်ခံရပါတယ်။ အဲ့ဒါက သရုပ်ဆောင်တစ်ယောက်အတွက် အရေးကြီးဆုံးပန်းတိုင်ပါပဲ""အနုပညာလုပ်နေတဲ့အတောအတွင်း မကောင်းသတင်းတွေနဲ့ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရတယ်ပေါ့နော်။ အရင်အချိန်တွေကို ပြန်ကြည့်လိုက်ရင် ဘယ်လိုထင်ပါသလဲ။ အဲ့ဒါတွေက
ထိုက်တန်တယ်လို့ ထင်ပါသလား?""လုံးဝကို ထိုက်တန်ပါတယ်။ ပျော်စရာကောင်းတာရော၊ နာကျင်စရာကောင်းတာရော
အတွေ့အကြုံတွေတိုင်းကတော့ ကိစ္စမရှိပါဘူး။အဲ့ဒါတွေက ကျွန်တော်တို့ကို ဘဝသင်ခန်းစာတွေပေးတယ်လေ။ အတွေ့အကြုံတွေက ကျွန်တော်တို့ကို သန်မာစေတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ရဲရင့်မှုတွေကိုလည်း ပေးတယ်။ တကယ်လို့ ခက်ခဲတဲ့အချိန်တွေသာ မရှိခဲ့ဖူးဆိုရင် ကျွန်တော် အခုရနေတဲ့ပျော်ရွှင်မှုကို ခံစားနိုင်မှာမဟုတ်ဘူး"
![](https://img.wattpad.com/cover/230738437-288-k503917.jpg)
YOU ARE READING
💦COME WITH ME💦[ Completed ](Myanmar Translation)
Fanfictionအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်တစ်ယောက် မကောင်းသတင်းတွေနဲ့ အမုန်းတရားတွေကနေ လွတ်မြောက်ဖို့ ရွာလေးတစ်ရွာကို ထွက်လာခဲ့ချိန်မှာ ပုဂ္ဂိုလ်ရေးအရ နွေးထွေးပြီး လွတ်လပ်တဲ့ Wang Yibo ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ချိန်မှာ.... သူတို့နှစ်ယောက်...