[Zawgyi]
ရှောင်းကျန့် သူ့ရဲ့လက်ကို အမွေးပွလေးတွေက လာထိသည်ဟု ခံစားမိ၍ မျက်လုံးကိုမြန်မြန်ဖွင့်ကြည့်လိုက်သည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ ပြူးကျယ်တဲ့အပြာရောင်မျက်လုံးနှစ်လုံးကို တွေ့လိုက်ရသည်။
"ကျင်းကော်...တကယ်ပဲ ကျင်းကော်လား? ငါ့ရဲ့
မင်းသမီးလေး"ရှောင်းကျန့် အော်ပြောလိုက်ပြီး သူမကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တော့ သနားစရာ
ကြောင်မလေးက လန့်ဖြတ်သွားသည်။"omg...အရမ်းလွမ်းနေတာ။ မင်းက ဆိုးတဲ့
ကောင်မလေးပဲ"မကြာခင်မှာပဲ ကျင်းကော်က သူ့ရဲ့ပိုင်ရှင်ကို အသိအမှတ်ပြုသွားပြီး ရှောင်းကျန့်ရဲ့ကိုယ်ပေါ်မှာ
ကပ်တွယ်လို့ အော်မြည်လိုက်သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. သူတို့ကိုပြုံးပြီး တံခါးနားမှာရပ်ကြည့်နေတဲ့ ရိပေါ်ကို ရှောင်းကျန့် သတိထားမိလိုက်သည်။
"ကျင်းကော်ကို ရိပေါ်ခေါ်လာတာလား?"
"အင်း...ကျင်းကော်ကို ဒီကိုပို့ပေးဖို့ ကျန့်ကောရဲ့
မိဘတွေကို ကျွန်တော်ပြောလိုက်တာ။ ကျန့်ကော ကျင်းကော်ကိုအရမ်းလွမ်းနေတာ ကျွန်တော်သိတယ်လေ""ရိပေါ် မင်း"
ရှောင်းကျန့် မက်တပ်ရပ်လိုက်ပြီး ရိပေါ်ဆီပြေးသွားလိုက်ကာ ရိပေါ်ရဲ့ခါးပေါ် ခုန်တက်လိုက်သည်။
"ရိပေါ်...မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူပဲ။ အစ်ကို မင်းကို ချစ်တယ်။ အရမ်းချစ်တယ်။"
ရှောင်းကျန့် ပြောလိုက်ပြီး ရိပေါ်ရဲ့ပါးကို မရပ်မနားနမ်းလိုက်သည်။

YOU ARE READING
💦COME WITH ME💦[ Completed ](Myanmar Translation)
Fanficအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်တစ်ယောက် မကောင်းသတင်းတွေနဲ့ အမုန်းတရားတွေကနေ လွတ်မြောက်ဖို့ ရွာလေးတစ်ရွာကို ထွက်လာခဲ့ချိန်မှာ ပုဂ္ဂိုလ်ရေးအရ နွေးထွေးပြီး လွတ်လပ်တဲ့ Wang Yibo ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ချိန်မှာ.... သူတို့နှစ်ယောက်...