5

17K 841 34
                                    

Unicode
********

"ဖေဖေ သားပြန်ရောက်ပြီ"

"အေးသား......သားမျက်နှာ ဘာဖြစ်လာတာလဲ"

"ဒီလိုပါပဲ ဖေဖေရာ ကျောင်းမှာ သားသူငယ်ချင်းကို အနိုင်ကျင့်နေတာနဲ့ ဝင်ကူရင်း ထိမိခိုက်မိတာ...နည်းနည်းပါ၊ ဖေဖေ့သားက super men လေ သိတယ်မလား"

"ဟားဟား သားကတော့ကွာ..၊ ဟုတ်ပါပြီ သွားနားတော့ ပင်ပန်းလာတယ်မဟုတ်လား"

"ဟုတ် ဖေဖေ"

သူ့အခန်းထဲ ဝင်သွားသော သားကြီးဖြစ်သူကို ကြည့်ပြီး ဦးစိုင်းပြည့်စုံ မျက်ရည်ဝဲလုမိသည်။

"ငယ် ....ငယ်နဲ့မောင့်ရဲ့ သားကြီးကတော့ ငယ်ငယ်က မောင့်အတိုင်းပဲ ၊အရာရာကို လက်သီးသုံးပြီး ဖြေရှင်းနေတာ၊ ခေါင်းမာလိုက်တာလဲ မောင့်ကိုမောင် ပြန်မြင်နေတဲ့ အတိုင်းပဲ....၊ အခုချိန် ငယ်နဲ့ သားငယ်လေးကော ဘယ်တွေများ ရောက်နေပြီလဲ....၊ အဆင်ကော ပြေရဲ့လား ၊မောင့်သဲငယ်"

∆\∆\∆\∆\∆\∆\∆\∆\∆\∆\∆\∆\∆\∆\

"ငယ်..."

"ဗျာ ..ဆရာ.."

"စာလိုက်နိုင်ရဲ့လား"

"ဟုတ် လိုက်နိုင်ပါတယ်.."

"တစ်ကယ်လို့ မလိုက်နိုင်ရင် ဆရာ့ကို ပြော ၊ဆရာကူပြီး guide လုပ်ပေးပါ့မယ် "

"အာ...ဟုတ်ကဲ့..၊ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်တော်လိုရင် ဆရာ့အကူညီ ယူပါ့မယ်"

"ဟုတ်ပြီလေ ၊ဆရာ့အိမ်က ဟိုးရှေ့က တိုက်မှာ ၊ငယ်ရဲ့ အိမ်ကကော"

"တိုက်ဆိုင်လိုက်တာ ဆရာ ၊သားလည်း အဲ့နားမှာပဲ"

"ဟုတ်လား ၊ကြည့်ရတာ ငယ်နဲ့ ဆရာနဲ့ ရေစက်ပါတယ်ထင်တယ်"

လရောင်ငယ် သူ့ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး ငြို့ငင်နေတဲ့ ဆရာ့အသံကြောင့် ရင်ခုန်သံတွေ မြန်လာရသည်။

"ဟုတ် ဟုတ်.."

"ဒီအိမ်မှာပါ ဆရာ"

"ငယ်နဲ့ ဆရာကတော့ ရေစက်ပါရုံမကဘူး ဖူးစာပါ ပါတယ်နဲ့တူတယ် ကြည့်စမ်း၊ ခြံချင်းကပ်လျက်ပဲ.."

"ဗျာ..."

"ဟဟ သွားနားတော့ သွားသွား"

"ဟုတ် ဆရာ၊ ကျေးဇူးတင်ပါတယ်"

My Lovely Night Bird Boy (Completed)Where stories live. Discover now