23

7.2K 374 22
                                    

Unicode
********

"မင်္ဂလာပါ။ဆရာ ဒီရက်ပိုင်း တော်တော်လေး အတန်းပျက်သွားတယ်၊ စာတွေက revision ပြန်ရုံပဲဆိုတော့ ဆရာ အများကြီး မလွတ်သွားဘူးမလား"

နေသူရိန် ရင်ထဲက အစိုင်ခဲကို မြိုသိပ်ရင်း ကလေးတွေကို မေးလိုက်သည်။ အခန်းပြင်မှာ ထိုင်စောင့်နေတဲ့ စေတမာန်ကို လျစ်လျူရှုရင်းပေါ့။

သူ့မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရှိနေရင်တောင် အနာဂတ် အဖိုးတန်လေးတွေ ဖြစ်တဲ့ ကလေးတွေရဲ့ ပညာရေးကိုတော့ ထိခိုက်စေလိုသည့် ရည်ရွယ်ချက်မရှိ။

ကလေးတွေကို စာပြန်နွေးပေးရင်း၊စာသင်ရင်းကနေမှ သူ့မျက်လုံးတွေက ငယ်ရဲ့ ထိုင်ခုံပေါ် ရောက်ရောက်သွားသည်။

အရင်လို သူကြည့်နေတိုင်း မျက်နှာလေး နီပြီး ရှက်ရှက်နှင့် စာလိုက်ဆိုတတ်တဲ့ ကောင်လေး၊ စာပြကို အကြောင်းပြပြီး ငယ့်ကို မရှက်ရှက်အောင် မသိမသာ စနောက်လိုက်တိုင်း မျက်စောင်းပြန်ပြန်ထိုးတတ်တဲ့ ထိုကောင်လေး......
အခုတော့ ထိုကုန်လွန်ခဲ့တဲ့ အခိုက်တန့်တွေဟာ မြူမှုန်တွေလို...။
ရှိမှန်းသိနေပေမယ့် ဖမ်းဆုတ်မရတဲ့ လေညင်းတွေလို...။

ကြယ်စင်ထက် စာလိုက်နားထောင်ရင်း မျက်နှာပျက်နေတဲ့ ဆရာနဲ့ အခန်းရှေ့က အကိုချောချောလေးကို ကြည့်ရင်း အတွေးများနေမိသည်။

"ဘာလည်း အဲ့အကိုက ဆရာ့ညီဆို၊ ဘာလို့ ကျောင်းထိ လိုက်လာတာလည်း။ လရောင် အဖမ်းခံရတော့ ဆရာလာမကြည့်တာ အဲ့တစ်ယောက်ကြောင့်လား...၊ဘာတွေ ဖြစ်ကုန်တာလည်း..."

*ဖတ်*

"အ့.."

သူ့ခေါင်းပေါ် လာရိုက်တဲ့ စာအုပ်ကြောင့် ကြယ်စင်ထက် လန့်ပြီး အတွေးထဲက ချက်ခြင်း နိုးထသွားသည်။

"ငေးမနေနဲ့ စာလိုက်ကြည့်"

"ဟုတ်"

"မင်း ငါ့နောက် ဘယ်ချိန်ထိ လိုက်နေမှာလဲ"

"လက်ထပ်ပွဲ မပြီးမချင်း"

"ကျစ်!!!"

"စေစေ ဗိုက်ဆာနေပြီ ကျောင်းဈေးတန်းသွားမလို့၊ လိုက်ဦးမလား"

My Lovely Night Bird Boy (Completed)Où les histoires vivent. Découvrez maintenant