43

5.4K 273 17
                                    

Unicode
*********

"အမေရေ..ဒီနေ့ တမာန်တို့ အိမ်အသစ်ပြောင်းရမှာပေါ့နော်.."

"ဒါပေါ့ သမီးလေးရေ ပျော်လား"
"ဟုတ် အမေ၊ အိမ်အသစ်မှာလေ အိမ်က အကြီးကြီးလားဟင်၊ တမာန်ဆော့ဖို့ နေရာအကျယ်ကြီးကော ပါလား၊ တမာန်အတွက် အဖော်ကော ရှိလား"
"ရှိတာပေါ့ သမီးရေ၊ အခု အမေတို့ ပြောင်းမယ့်အိမ်က နေရာအကျယ်ကြီးလဲပါတယ်၊ အိမ်ဘေးမှာ ကလေးတွေလဲ ရှိတယ်၊ သမီးအတွက် ပျော်စရာကြီးပဲ"
"တစ်ကယ်နော် အမေ"
"တစ်ကယ်ပါရှင့်"

ဒေါ်သင်းမြတ် သမီးဖြစ်သူကို ချော့ရင်း ပစ္စည်းတွေ ထုတ်ပိုးကာ ကားငှားပြီး အိမ်အသစ်သို့ ပို့ဆောင်လိုက်သည်။

သူမအရင်လို ပေ၂၀ပတ်လည်သာ ရှိသည့် အခန်းကျဉ်းထဲ၌ ဒုက္ခ ခံစရာ မလိုတော့ပေ။ အရင်လို သမီးဖြစ်သူရဲ့ လက်ကိုဆွဲပြီး အကြွေးရှင်တွေကို ပုန်းအောင်းရန် ပြေးလွှားရန်လည်း မလိုတော့....။သူမက အခုချိန်မှာ သူဌေးကတော် တစ်ယောက် ဖြစ်နေပေပြီ။
လူသိရှင်ကြားမဟုတ်ဘဲ တိတ်တိတ်ပုန်း မယားငယ်တစ်ယောက် ဖြစ်နေရုံက လွဲလို့ပေါ့။

"အမေ.."
"ရှင့်"
"တမာန်တို့အရင်လို အိမ်ခဏခဏ ပြောင်းစရာ မလိုတော့ဘူးမလားဟင်"
"သေချာတာပေါ့ သမီးရယ်၊ ပြီးရင် ဟိုရောက်ရင် သမီးရဲ့ ဖေဖေအသစ်ကိုလည်း သေချာနှုတ်ဆက်ရမယ်နော်"
"ဟုတ် မေမေ"
အသက် ၁၁နှစ်အရွယ်သာ ရှိသေးတဲ့ နှင်းစေတမာန်ဆိုတဲ့ ကလေးမလေးဟာ အိမ်အသစ်၊နေရာအသစ်မှာ မိတ်ဆွေအသစ်ရမယ့်အပြင် မွေးကတည်းက မခေါ်ဖူးခဲ့တဲ့ အဖေဆိုတဲ့ နာမ်စားကိုပါ ခေါ်ဆိုနိုင်တော့မည် ဆိုသောကြောင့် မျက်နှာဟာ အပြုံးပန်းတွေ ဝေလို့။

ရိုးရိုးနှစ်ထပ်တိုက်ဖြူနှင့် ပန်းခြံအသေးစားလေးတစ်ခု ပါရှိသော ခြံဝင်းရှေ့တွင် ကား‌လေးက ရပ်ဆိုက်သွားပြီး တမာန်တို့ သားအမိဆင်းလိုက်သည်။

"မေမေ ဒါ သမီးတို့ အိမ်အသစ်လား"

သင်းမြတ် ဒီအိမ်ကို သိပ်သဘောမကျသော်လည်း နောက်ကျမှ ပြန်တောင်းလို့ရတာကြောင့်
"သမီးကော သဘောကျလား.."
"ဟုတ်"

အငှားခေါ်ထားတဲ့ အလုပ်သမား ၃ယောက် အကူညီနဲ့ ပစ္စည်းတွေ နေရာချ ၊သန့်ရှင်းရေးလုပ်ပြီးနောက် ကလေးဖြစ်တဲ့ တမာန်မှာတော့ ခြံရှေ့က စိန်ပန်းပင်အောက်က ပွင့်ဖတ်ပြာပြာလေးတွေကို လက်ဖဝါးထဲ ကောက်ထည့်ကာ "ဝူးးးးး"ဟု အော်ပြီး ပန်းတွေကို ခေါင်းထက်မြှောက်ပြီး ကျဲချလိုက်သည်။

My Lovely Night Bird Boy (Completed)Where stories live. Discover now