28

9.4K 471 78
                                    

Unicode
********

"အမှတ်(......) မောင် လရောင်ငယ် ထောင်ဝင်စာ လာတွေ့လာပါတယ်၊ ငါးမိနစ်အတွင်း အရှေ့ဆောင်က ဧည့်တွေ့ဆောင်ကို အရောက်လာခဲ့ပါ။ ဒီမှာ ကဒ်"

လရောင်ငယ် သစ်သား ရေပေါ်ထိုးနေစဉ် ဧည့်တွေ့ခွင့် ကဒ်ပြားလည်ဆွဲတစ်ခု သူ့ကို အစောင့်တစ်ယောက်က လာပေးသည်။

"ဧည့်တွေ့၊ ငါဒီရောက်ပြီး ၃လသာ ကာလမှာ ပထမဆုံး လာတွေ့တဲ့သူပဲ ဘယ်သူပါလိမ့်"

"လရောင်ငယ် လုပ်လက်စ ဂီတာအိုးကို ဘေးချပြီး လည်ဆွဲကဒ်ဝတ်ကာ ဧည့်တွေ့ဆောင်သို့ သွားလိုက်သည် ။

ဧည့်တွေ့အခန်းရဲ့ သံဇကာ ၂ထပ်ကို ကြားထဲ ၆လက်မလောက် ခြားထားတဲ့ နံရံ တစ်ဖက်မှာ သူ့ကို စောင့်နေတဲ့ သူကတော့....

{{ဒီနားဖြတ်ပြောမလို့၊ မြန်မာနိုင်ငံရဲ့ ထောင်ဝင်စာ တွေ့တဲ့စနစ်ကလေ အသေရုပ်ပေါက်တာ🤧၊ တွေ့ခွင့်ရဖို့ အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံတင်နဲ့ ယူသွားပြီး မိသားစုဝင်ဖြစ်ကြောင်း ပြနိုင်မှ တွေ့လို့ရတာ၊ ဒါတောင် ငွေပေးရသေးတယ်🙂၊မိသားစုဝင်မဟုတ်ရင် ထောက်ခံစာ တစ်သီတစ်တန်းနဲ့ ယူလာခိုင်းပါလိမ့်မယ်🤦။ ပြနိုင်ရင်တောင် ချက်ခြင်း မတွေ့ရဘူး အလှည့်ကျနဲ့ တစ်နာရိီလောက် ငါးခြောက်နီးပါး နေလှန်းခံရပြီးမှ တွေ့ခွင့်ရတယ်၊ တစ်ဦးခြင်း မဟုတ်ဘူး....တစ်ခါတွေ့ ၁၀ယောက်နှုန်းနဲ့။ ဝင်တွေ့ပြီဆိုရင် မိသားစု ဆယ်စုဆိုတော့ ဆူညံ ပွက်လောရိုက်!!!၊ ငိုတဲ့သူကငို၊ အော်ကြီးဟစ်ကျယ် ပြောတဲ့သူကပြော၊ ကိုယ့်အချင်းချင်းကို ကောင်းကောင်းမပြောရဘူး🙂၊ အချိန် ၁၀မိနစ်အတွင်း ပြောရတာ၊ ဆယ်မိနစ်ပြည့်ရင် ခေါင်းလောင်းတီးပြီး ထွက်တော့ပဲ..}}


"လရောင်...သူငယ်ချင်း..."

"ကြယ်စင်ထက်?"

"အင်း..ဟီးဟီး အရင်လတွေက စာမေးပွဲရှိလို့ ငါမလာနိုင်တာ ခွင့်လွှတ်ပေးပါနော် ၊နောက်ဆို တစ်လတစ်ခါ လာတွေ့မယ်လေ"

"ဪ.....ဘာလိုလိုနဲ့ စာမေးပွဲ ကာလတောင် ပြီးသွားပြီပဲ...၊ဖြေနိုင်တယ် မဟုတ်လား..၊ မဖြေနိုင်ရင် ငါထွက်လာတာနဲ့ လာရိုက်မှာ မင်းကို၊ ကြားလား..."

My Lovely Night Bird Boy (Completed)Where stories live. Discover now