Part 5

75 8 2
                                    

ရှောင်းကျန့်ကျောင်းသွားဖို့တွက် ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာသည်။

ပါးနဲ့နံနက်စာတူတူစားပြီး ကောလာအခေါ်ကို သူစောင့်နေလိုက်တယ်။
ခနအကြာ ကောရောက်လာတာကြောင့်

"ပါး ကျွန်တော်သွားတော့မယ်နော်"

'အင်းသား'

ပါးကိုနှုတ်ဆက်ပြီး ကောနှင့်အတူ ကျောင်းကိုထွက်လာခဲ့သည်။

'ကော လာကြိုမယ်နော်'

"ဟုတ်ကော"

ကော‌အားနှုတ်ဆက်ကာ စာသင်ခန်းဆီသို့ တန်းသွားလိုက်သည်။

အခန်းထဲဝင်ဝင်ချင်း သူ၏ခုံနောက်တွင် မနေ့က လှေကား၌တိုက်မိတဲ့ Jacksonနှင့် ဝမ်ရိပေါ် ။

ဝမ်ရိပေါ်က သူ့အားစူးစိုက်ပြီးကြည့်နေ​သည်။ထို့နောက်သူလဲ မမြင်ချင်ယောင်ဆောင်ကာ သူ့နေရာတွင်ထိုင်လိုက်သည်။

'ဟိတ် '

နောက်မှ လှည်းခေါ်သံကြောင့် စာအုပ်ထုတ်ရင်း လှည့်ကြည့်လိုက်သည်။

'ငါ့နာမည်က ဝမ်ကျားအော် Jacksonလို့လဲခေါ်ကြတယ် အဆင်ပြေသလိုခေါ်ပေါ့ မနေ့ကလှေကားမှာတိုက်မိတဲ့အတွက်Sorryနော်'

"အင်း ရပါတယ် ရှောင်းကျန့်ပါ ပြောစရာမရှိတော့ရင် စာလုပ်တော့မယ်"

'အမ် မရှိတော့ဘူ လုပ်စရာရှိတာလုပ်ပါ sorry '



ဝမ်ရိပေါ် Jackson နဲ့စကားပြောနေတုန်း အလွတ်ရနေတဲ့ ကိုယ်သင်းနံ့ကြောင့် လှည်းကြည့်လိုက်တော့ အခန်းထဲဝင်လာတဲ့ ယုန်ပေါက်။

သူတို့ ရှေ့ကခုံမှာဝင်ထိုင်လိုက်တဲ့ ယုန်ပေါက်။

စကားပြောရင်း ပေါ်လာတဲ့ နှုတ်ခမ်းပါးအောက်က မှည့်နက်လေး၊ ဖန်ဂေါ်လီလေးလို ဝိုင်းစက်ကာ ကြည်တောက်နေတဲ့ မျက်ဝန်းနက်နက်တစ်စုံ၊ ရှည့်လျားပြီး ကော့ဆင်းနေတဲ့ မျက်တောင်စိပ်စိပ်လေး၊ အရေပြားအောက်က ​သွေးကြောစိမ်းစိမ်းလေးတွေနဲ့ ရဲနေတဲ့ ပါးနှစ်ဖက်၊ နှာတံစင်းစင်းလေးနဲ့ ထိပ်မှာချွန်နေတဲ့ နှာထိပ်လေး၊ ပါးရဲရဲလေးနှစ်ဖက်ပေါ်က မွှေးညှင်းပေါက်လေးတွေ၊ စာအုပ်ကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးများနဲ့ ကြည်လင်ကာပန်းရောင်သန်းနေသည့် လက်သည်းခွံလေးများ။

A Thousand Years ||Uni&Zawgyi||Where stories live. Discover now