Part 4

84 6 4
                                    

'ကျန့်ကျန့်လာ ဟိုမှာ ငါ့သူငယ်ချင်းတွေစောင့်နေတယ်'

"အင်း"

သောမတ်စ်သူငယ်ချင်းများထိုင်နေသည့်ဝိုင်းသို့တူတူသွားလိုက်သည်။

ထိုဝိုင်းတွင် မိန်းကလေး၁ယောက် ယောက်ျားလေး ၂ယောက်ရှိလေသည်။

'‌ကျန့်ကျန့်ထိုင် ငါမင်းတို့နဲ့မိတ်ဆက်ပေးမယ် ဒါမနက်ကငါပြောတဲ့ ကျန့်ဆိုတာလေ သူက နစ်ကီ ငါ့လိုပဲ သူလဲအမေရိကန်တရုတ်ကပြားတစ်ယောက် သူ့ဘေးကတစ်ယောက် ချင်းချင်း ကျန့်ကျန့်ဘေးကတစ်ယောက်က ယွီပင်း '

"အင်း တွေ့ရတာဝမ်းသာပါတယ် ရှောင်းကျန့်ပါ "

‌'တွေ့ရတာဝမ်းသာပါတယ်'>3

'သူငယ်ချင်းတွေ ဖြစ်သွားပြီဆိုတော့ ရင်းရင်းနှီးနှီးပြောလို့ရတယ်နော် အားမနာနဲ့ '

အသိအမှတ်ပြုသည့်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

'ကျန့်ကျန့် ဟိုမှာစားစရာတွေသွားယူရအောင် နင်တို့ကော ယူပြီးကြပြီလား'

'ပြီးပြီ နင်နဲ့ကျန့်ကျန့်နဲ့ပဲကျန်တော့တာ'

' အော် ok ok အဲ့ဒါဆို သွားယူရအောင်'

'အင်း'

စားစရာများယူပြီး စားပွဲဆီသို့ပြန်အရောက်

'ဒီနေ့ ဟိုအဖွဲ့မတွေ့မိသေးဘူး ကျောင်းပဲမတက်တာလား'

'ဘယ်သူတွေလဲ'

'ဘယ်သူတွေရှိရမှာတုန်း '

'ဟိုမှာလာနေပြီ'

နစ်ကီမှမေးငေါ့ပြသည်။

မေးငေါ့ပြရာ ကြည့်လိုက်တော့ ယောက်ျားလေး၄ယောက်နှင့်မိန်းကလေး၁ယောက်ဝင်လာခြင်းဖြစ်သည်။

'‌သူတို့က‌ ဘယ်သူနဲ့မှမရောဘူး သူတို့ဘာသာနေကြတာ  အရှေ့ဆုံးက ၂ယောက်က ဟောက်ရွှမ်းနဲ့ကျိရန်  သူတို့၂ယောက်ကတွဲနေတာလေ'

"အော် အင်း "

'မင်း မအံ့ဩဘူးလားကျန့်ကျန့် '

ခေါင်းခါပြပြီး 'လန်ဒန်မှာလဲ အဲ့လိုအတွဲတွေတွေ့နေရတော့ ရိုးနေပါပြီ
လူလူချင်းချစ်တာပဲ မအံ့ဩပါဘူး'

A Thousand Years ||Uni&Zawgyi||Where stories live. Discover now